DVB Logo
Home
မြန်မာသတင်း
ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ကားဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး
DVB
·
May 23, 2017
ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ကားဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး
1 / 8
Donate to DVB

 

မန္တလေးမြို့မှာ ဒီနေ့ မနက် ၁ နာရီက ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို ကားတစီးက ၀င်တိုက်မိတဲ့အတွက် ရဲတပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း ဇလပ်ဝါနဲ့ ဒေလီယာလမ်းကြား ဒီနေ့ မနက် ၁ နာရီမှာ အမှတ် ၁၁ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကိုဇော်မင်းထိုက် ဦးဆောင်တဲ့အဖွဲ့ လှည့်ကင်းလှည့်နေစဉ် မြောက်ကနေ တောင်ဘက်သို့ ယာဉ်မောင်း ဇေယျာထွန်း မောင်းနှင်လာတဲ့ ဟွန်ဒါဖစ်အမျိုးအစား YGN 9F 8360 ကားမှ လှည့်ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား ၇ ဦးကို ဝင်ရောက်တိုက်မိရာ ရဲတပ်သား ကိုဟန်ဝင်းအောင် (၁၉)နှစ် နေရာမှာပင် သေဆုံးခဲ့တာပါ။

ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၇ ဦးကို မန္တလေးပြည်သူဆေးရုံကြီးကို အရေးပေါ် လူနာအဖြစ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ဟွန်ဒါပစ်ကတ် အမျိုးအစား ကား YGN 9F 8360  ယာဉ် မောင်းနှင်သူကို  အမှတ် ၁၁ နယ်မြေရဲစခန်းက အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - အောင်အောင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013