DVB Logo
Home
မြန်မာသတင်း
ဘဏ်၂ ခု၏ စတော့ရှယ်ယာဈေးနှုန်းများ ပြန်လည်မြင့်တက်လာ
DVB
·
May 23, 2017
Donate to DVB

ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်ထဲမှာ ဘဏ် ၂ ခုရဲ့ ရှယ်ယာဈေးနှုန်းတွေက ပြန်လည် မြင့်တက်လာပြီး FMI နဲ့ သီလဝါရှယ်ယာဈေးနှုန်းတွေကတော့ အကျဘက်မှာပဲ ဆက်လက်ရပ်တည်နေပါတယ်။

ရှယ်ယာဈေးနှုန်းတွေက အပြောင်းအလဲ နည်းနည်းတော့ ဖြစ်လာပေမယ့် ရှယ်ယာ အရောင်းအဝယ်ဈေးကွက်က တက်မလာပါဘူး။ လက်ရှိစတော့ရှယ်ယာ ဈေးကွက်အပေါ်ကိုလည်း ရှယ်ယာရှင်တွေအနေနဲ့ကတော့ စိတ်ဝင်စားမှုတွေ မရှိပါဘူးလို့ ရှယ်ယာရှင်တွေက ပြောပါတယ်။

မေလ ၂၂ ရက်နေ့မှာတော့ FMI ရှယ်ယာ ၁ စုကို ကျပ် ၁၅၅၀၀ ပေါက်ဈေးရှိနေပြီး ရှယ်ယာအစုရေ ၄၉၉ စုသာ အရောင်းအဝယ် ဖြစ်ခဲ့တာပါ။

သီလဝါရှယ်ယာပေါက်ဈေးကတော့ ကျပ် ၃၉၅၀ ပေါက်ဈေးရှိနေပြီး ရှယ်ယာအစုရေ ၃၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာပေါက်ဈေးကတော့ ကျပ် ၉၃၀၀ ပေါက်ဈေးရှိနေပြီး ရှယ်ယာအရောင်းအဝယ် မဖြစ်ခဲ့ဘဲ၊ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာပေါက်ဈေးကတော့ ကျပ်၂၈၀၀ ဖြစ်ပြီး ရှယ်ယာအရေအတွက် ၆၀၀ ကျော်အထိ အရောင်းအဝယ် ပြန်ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013