DVB Logo
Home
မြန်မာသတင်း
တရုတ်ရေနံတင်သင်္ဘောများကို ကျောက်ဖြူ ရေလုပ်သားများဆန္ဒပြ
DVB
·
May 22, 2017
တရုတ်ရေနံတင်သင်္ဘောများကို  ကျောက်ဖြူ ရေလုပ်သားများဆန္ဒပြ
1 / 4
Donate to DVB

 

တရုတ်ရေနံတင်သင်္ဘောကြီးတွေ ဝင်ထွက်သွားလာမှုကြောင့် ငါးဖမ်းခွင့်တွေ ရပ်ဆိုင်းခံရထားရပြီး အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်လာနေတဲ့အတွက် ဒေသခံ ရေလုပ်သားတွေက မဒေးကျွန်းရှိ CNPC တရုတ်ကုမ္ပဏီရုံးကို ဆန္ဒပြခဲ့ကြပါတယ်။

တရုတ်ရေနံတင် သင်္ဘောကြီးတွေ ၀င်ထွက်သွားလာချိန်မှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရေယာဉ်တွေ ငါးဖမ်းဆီးတာကို တားမြစ်ထားတဲ့အပေါ် ကျောက်ဖြူဒေသခံ ရေလုပ်သားတွေက စက်လှေ အစီး ၂၀၀ ကျော်နဲ့ ဒီကနေ့ ဆန္ဒဖော်ထုတ်ဖော်ခဲ့တာပါ။

ဆန္ဒထုတ်ဖော်ရမှာ ဦးဆောင်ပါဝင်သူ ဦးလုံးလုံးက “မနက်ဖြန် သင်္ဘောဝင်လာမယ်ဆိုရင် ဒီကနေ့ကတည်းက မထွက်ရတော့ဘူးလို့ တားမြစ်ထားတယ်။ အဲ့ဒီမှာရှိသမျှ လှေတွေအားလုံးကိုပေါ့ဗျာ။ ဘယ်လောက်ရှိမလဲဆိုတော့ ၆၀၀ ၀န်းကျင်လောက်ရှိတယ်။ လှေတွေကို တစီးမှ ထွက်ခွင့်မပေးတော့ဘူး။ သူတို့သဘောင်္တစီး ဝင်လာ ရင် အနည်းဆုံး ၄ ရက် ၅ ရက်လောက်ကြာတယ်။ သဘောင်္ာတစီးဆိုလို့ရှိရင် ၇ ရက်တပတ်လောက်တော့ ငါးဖမ်းဆီးမှုတွေ ပိတ်ပင်ထားတယ်။ ဒီလုပ်ငန်းတွေနဲ့ ကျနော်တို့ မိရိုးဖလာ လုပ်စားလာတာ ကျနော်တို့မှာ သားသမီးတွေရဲ့ ပညာရေး၊ စီးပွားရေးရှိတယ်။ ဒီရေလုပ်ငန်းက ဦးဆောင်ပြီး ရှာဖွေစားသောက်နေရတာ။ အကုန်ထိခိုက်ပြီး ရပ်တန့်နေရပြီ” လို့ပြောပါတယ်။

ရေနံသင်္ဘောတွေလာတဲ့ လမ်းကြောင်းမှာ ငါးဖမ်းဆီးမှု ခွင့်မပြုထားတဲ့အပြင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့လိုတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ဒီဗွီဘီကိုပြောပါတယ်။

“ရေလမ်းကြောင်းမှာ ငါးမဖမ်းရဘူး။ ပိုက်တွေမချရဘူးဆိုတာ သူ့ရေလမ်းကြောင်းမှာရှိပြီး သား။ ရေလမ်းမှာ ဒေသသင်္ဘောရော၊ ဘုတ်တွေရော၊ လှေတွေရော ပြည်တွင်းပြည်ပက သွားလာနေတဲ့ ရေလမ်းကြောင်းဖြစ်တယ်။ အဲ့ဒီရေလမ်းကြောင်း မချရဘူးလို့ပြောထားတယ်။ မချရတဲ့အခါမှာ ဒေသက အခက်အခဲ ဖြစ်မှာစိုးလို့ ကျနော်တို့က အဝင်နဲ့အထွက်ကို မချဖို့၊ အဲ့ဒီခါကျရင် သူတို့ပိုက်တွေဆုံးရှုံးမယ်။ လှေတွေတိမ်းမှောက်မှုတွေဖြစ်မယ်။ ရေလမ်းကြောင်းမှာ မလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းက ငါးလုပ်ငန်းဦးစီးဌာနမှာလဲရှိသားပါ။ သူတို့အနေနဲ့ စည်းကမ်းစည်းမျဉ်းတွေကို လိုက်နာဖို့လိုတယ်။”

ရေနံသင်္ဘောတစီးဝင်ရင် အဝင် ၁ နာရီခွဲ၊ အထွက် ၁ နာရီသာရှိပြီး အဲ့ဒီအချိန်မှာ ငါးဖမ်း သဘောင်္တွေကို ဖယ်ရှားပေးဖို့ ထုတ်ပြန်ထားပေမယ့် ဒေသခံငါးဖမ်းစက်လှေသမားတွေက ရေနံသင်္ဘောတစီးဟာ ၄ ရက်ကနေ ၅ ရက်အထိ ကြာမြင့်ပြီး အဲ့ဒီရက်တွေအတွင်း ငါးဖမ်းကို ခွင့်တားမြစ်ထားတယ်လို့ ပြောပါတယ်။

ဒီလိုရေလုပ်သား အခက်အခက်တွေ ဖြစ်လာနေမှုအပေါ် အစိုးရက ညှိနှိုင်းမှုတွေယူပြီး လုပ်ပေးသင့်တယ်လို့ ကျောက်ဖြူကျေးလက်ဒေသသ ဖွံ့ဖြိုးရေးအသင်းက ညှိနှိုင်းရေးမှူး ကိုထွန်းကြည်က ပြောပါတယ်။

“အဓိက မဒေးကျွန်းဒေသခံတွေနဲ့ ကျောက်ဖြူဒေသခံတွေပေါ့နော်။ ဒီနှစ်မှာ နိုင်ငံတကာ ရေလမ်းကြောင်းကို သင်္ဘောတွေ ဝင်လာတဲ့အခါကျတော့ အသေပိုက်တွေက ရေလမ်းကြောင်း က အနားပေးလိုက်ရတယ်။ ဒီလို ငါးဖမ်းဖို့ပိတ်လိုက်တဲ့အခါ သူတို့မှာပိုက်ချဖို့ အတွက် နေရာမရှိတော့ဘူး။ အဲ့တော့သူတို့မိသားစုတွေအတွက် အရမ်းကိုခက်ခဲသွားပြီး၊ နောက်တခုက ရေနံဆိပ်ကမ်း တည်ဆောက်လိုက်တဲ့အတွက် ဒီရေတောတွေပြုန်းတီးလာတယ်။ အဲ့ဒီတော့ ဒေသခံတွေ အကျိုးအမြတ်တွေ ဘာမှမခံစားရဘူး။ ရေလုပ်ငန်းလုပ်နေတဲ့သူတွေ ငါးဖမ်းခွင့်တွေ တားမြစ်ထားပြီး၊ ဒါကို ဒေသခံတွေရဲ့ပြဿနာ အစိုးရက ဖြေရှင်းပေးဖို့လိုတယ်။”

ဒီကနေ့ဆန္ဒထုတ်ဖော်မှုကို တရုတ်ရေနံတင် သင်္ဘောဝင်ရောက်ရာ မြစ်ကြောင်း တလျှောက်မှာ စက်လှေအစီး ၂၀၀ ကျော်နဲ့ပြုလုပ်ခဲ့ပြီး အဲ့ဒီကနေတဆင့် မဒေးကျွန်းပေါ်ရှိ ကျောက်တန်းရွာမှ တရုတ် CNPC ကုမ္ပဏီရုံးရှေ့ထိ လူပေါင်း ၁၀၀၀ ကျော် လမ်းလျှောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရေနံတင်သင်္ဘောကြောင့် ငါးဖမ်းလုပ်ကွက်ပျက်စီးမှု တာဝန်ယူဖြေရှင်းပေးရေး၊ မဒေးကျွန်း ကျွန်းပတ်လမ်းတွေ ရရှိရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရေးအတွက် ဒေသခံတွေက တရုတ် ကုမ္ပဏီကို တောင်းဆိုခဲ့ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013