DVB Logo
Home
မြန်မာသတင်း
နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတား (ဓာတ်ပုံ)
DVB
·
May 22, 2017
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ ရှိတဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးဟာ လက်ရှိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားမြစ်ထားပေမယ့်  ပြည်တွင်းပြည်ပကခရီးသွားတွေ သွားရောက် လည်ပတ်ကြည့်ရှုချင်စရာ  နေရာတခု ဖြစ်နေဆဲပါ။

ဂုတ်ထိပ်တံတားကြီးကို ၁၈၉၉ ခုနှစ် ဧပြီ ၂၈ ရက်မှာ  စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ တည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့ပါတယ်။ အခု ၂၀၁၇ခုနှစ် ဇန်န၀ါရီ ၁ရက်နေ့မှာ ၁၁၇ နှစ်ပြည့်ခဲ့တာပါ ။

ဂုတ်ထိပ်တံတားကို မန္တလေး-လားရှိုးရထားလမ်းအတွက် အဓိက တည်ဆောက်ခဲ့တာဖြစ်ပြီး တံတားအရှည်က ၂၂၆၀ ပေရှိပါတယ်။  အင်ဂျင်နီယာ  ဆာအာသာ ရန်ဒယ်လ်က  Burma Railroad ကုမ္ပဏီအတွက် တည်ဆောက်ပေးခဲ့တာပါ။

ဂုတ်ထိပ်တံတားပေါ်ကိုအစပိုင်းမှာ လူတွေကို ဖြတ်လျှောက်ခွင့်ပြုခဲ့ပြီး အန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုးတွေ ပြုလုပ်လာတာကြောင့် ၂၀၁၆  နှစ်လယ်ပိုင်းလောက်မှာ တံတားပေါ်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013