
ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှု အားလုံးကို ဘဏ်တဘဏ်ထဲ ဆောင်ရွက်တဲ့ စနစ်ကနေ ဘဏ်အားလုံး ပါဝင်တဲ့ MPU စနစ်နဲ့ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
MPU စနစ်အသုံးပြုပြီး ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှုကို ဇွန်လက စပြီး လုပ်ငန်းရှင်တွေ အသုံးပြုနိုင်မှာပါ။
ကုန်သွယ်မှုတွေအတွက် ငွေကြေးပေးသွင်းမှုကို အရင်က မြန်မာနိုင်ငံသားများဘဏ် တခုတည်းနဲ့ အသုံးပြုနိုင်ရာက အခု ပြည်တွင်းဘဏ် ၂၃ခု ပါဝင်တဲ့ MPU ကတ်ကို တိုးချဲ့လိုက်တာဖြစ်ပါတယ်။
ဒီလိုငွေပေးချေတာတွေကို ရန်ကုန်၊ မန္တလေး၊ မူဆယ်နဲ့ မြဝတီကုန်သွယ်ရေးဇုန်တွေမှာ သုံးစွဲ နိုင်မှာပါ။
ဒီစနစ်နဲ့ ပတ်သက်ပြီး စီးပွား/ကူးသန်းဝန်ကြီးဌာန၊ဗဟိုဘဏ် ၊ဘဏ်တွေ ပါဝင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို မေလ ၂၂ ရက်နေ့က ကုန်သည်/စက်မှုအသင်းချုပ်(UMFCCI)မှာ ပြုလုပ်ခဲ့ပါတယ်။











