DVB Logo
Home
မြန်မာသတင်း
မိုးကြိုးပစ်ခံရပြီး နေအိမ်မီးလောင်ကာ အိပ်နေသည့်လင်မယား ၂ ဦး သေဆုံး
DVB
·
May 22, 2017
မိုးကြိုးပစ်ခံရပြီး နေအိမ်မီးလောင်ကာ အိပ်နေသည့်လင်မယား ၂ ဦး သေဆုံး
1 / 3
Donate to DVB

 

သံတောင်ကြီးမြို့နယ်ထဲက ကျေးရွာတရွာမှာ မနေ့က မိုးကြိုးပစ်ခံရပြီး အိပ်နေတဲ့ လင်မယားနှစ်ဦး သေဆုံးခဲ့တယ်တယ်လို့ သံတောင်ကြီးမြို့နယ် ရဲစခန်းက ပြောပါတယ်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက ဒါဝါလော်ချီးကျေးရွာအုပ်စု လေလော်ဒေးကျေးရွာ မှာ မေလ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်က မိုးကြိုးပစ်ခံရတဲ့အတွက် နေအိမ်မီးလောင်ပြီး အိပ်နေကြတဲ့ အိမ်ပိုင်ရှင် ဦးဖျဲလို (၆၅)နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်မားရီးနာ (၅၆)နှစ်တို့ သေဆုံးခဲ့တာပါ။

သံတောင်ကြီးမြို့နယ်မှ ရဲစခန်းတာဝန်ရှိသူတဦးက “စခန်းမှူးနဲ့အဖွဲ့က သွားတယ်။ ပြန်မလာသေး ဘူး။ မိုးကြိုးပစ်ရင်း မီးလောင်သွားတာ၊ အမျိုးသားရော အမျိုးသမီးရော နှစ်ဦးစလုံး ဆုံးသွား တယ်”လို့ ပြောပါတယ်။

အဆိုပါနေအိမ်ဟာ အခြားလူနေအိမ်တွေနဲ့ အလှမ်းဝေးတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေရောက်ရှိတဲ့အခါမှာ မီးလောင်သေဆုံးနေတာကို တွေ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - သားကြီး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013