DVB Logo
Home
မြန်မာသတင်း
မင်္ဂလာတောင်ညွှန့်ပဋိပက္ခတွင်ပါဝင်သည့် တရားစွဲဆိုခံရသူများကို ထပ်မံရုံးချိန်း
DVB
·
May 22, 2017
မင်္ဂလာတောင်ညွှန့်ပဋိပက္ခတွင်ပါဝင်သည့် တရားစွဲဆိုခံရသူများကို ထပ်မံရုံးချိန်း
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မေလ ၉ ရက် ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဆွဲဆိုခံထားရသူတွေကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်ပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅ဝ၅(ဂ)/၃၄ နဲ့ ဦးတင်ထွဋ်ဇော် (ခ) ကိုလတ်၊ မအောင်အောင်မြင့် (ခ) မအောင်၊ တင်လင်းထိုက်(ခ) လင်းလင်း၊ အကြီးကောင်(ခ) တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ်နဲ့ သံဃာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ တို့ကို အရေးယူပေးဖို့ မေ ၁၁ ရက် ညနေပိုင်းက မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှာ လျှောက်ထား ခဲ့တာဖြစ်ပါတယ်။

လွတ်မြောက်နေတဲ့ တရားစွဲခံထားရသူတွေထဲက မြတ်ဘုန်းမိုရ်ဟာ မေလ ၂၂ ရက်နေ့မှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

တရားစွဲခံထားရပြီး လက်ရှိရုံးချိန်းအထိ သံဃာတော် ဦးသုစိတ္တနဲ့ ဦးပညာဝံသတို့  အဖမ်းမခံရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013