DVB Logo
Home
မြန်မာသတင်း
ရဲက စစ်ဆေးရာတွင် ဘဂါင်္လီများ တင်​လာသည့်ကား မောင်းပြေး၊ ခရီးသည်တင်ကားနှင့်တိုက်မိ
DVB
·
May 21, 2017
ရဲက စစ်ဆေးရာတွင် ဘဂါင်္လီများ တင်​လာသည့်ကား မောင်းပြေး၊ ခရီးသည်တင်ကားနှင့်တိုက်မိ
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်လမ်းတမိုင်ကုန်းမှာ ဘင်္ဂါလီတွေတင်ဆောင်လာတဲ့ ကားတစီးကို ဒီကနေ့ မနက်ပိုင်းကရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရရှိခဲ့ပါတယ်။

ကျောက်တော်မြို့နယ်ဘက်က ဘင်္ဂါလီတွေတင်ဆောင်လာတယ်လို့ အမ်းမြို့နယ် ရဲစခန်းက သတင်းရလို့ အမ်းမြို့နယ်ရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စောင့်ဆိုင်းချိန်မှာ ဘင်္ဂါလီတွေတင်ဆောင်လာတဲ့ ကားမောင်း သမားနှစ်ဦးအပါအဝင် ဘင်္ဂါလီ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမ်းမြို့နယ်ရဲစခန်း စခန်မှူးက ဒီဗွီဘီကို ပြောပါတယ်။

“တိုယိုတာခရောင်အနက်နဲ့ ကျောက်တော်ဘက်က ဘင်္ဂါလီတွေသယ်လာတယ်လို့ သတင်းရတယ်။ အဲဒါ ကျနော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ဖမ်းတာ။ အမ်းကနေ တောင်ကုတ်ဘက်ကိုသွားတဲ့ တမိုင်မှာ ဖမ်းမိတာ။ ဘင်္ဂါလီ ၆ ဦး၊ ယောင်္ကျားလေးက ၅ ဦး၊ မိန်းကလေး ၁ ဦးပါတယ်။ ဒီကနေ့မနက် ၉ နာရီက ဖမ်းမိတာပါ။”

အဲဒီဘင်္ဂါလီတွေ သယ်ဆောင်လာတဲ့ ကားဟာ အမ်းမြို့စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုကို မခံယူဘဲ မောင်းတံဂိတ်ကို ထွက်ပြေးမောင်းနှင်းခဲ့ပြီး အမ်း-မအီကားလမ်းမှာ မအီဘက်က မောင်းနှင်းလာတဲ့(Forland)ခရီးသည် တင်ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။

အခုလိုတိုက်မိလို့ ဘင်္ဂလီတွေတင်ဆောင်လာတဲ့ ကားလမ်းရဲ့ လက်ယာဘက်ဘေး ထိုးကျသွားပြီး နောက်ကလိုက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့နိုင်တယ်လို့ စခန်းမှူးက ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ ဆိုပါတယ်။

ဘင်္ဂါလီတွေတင်ဆောင်လာတဲ့ တိုယိုတာခရောင်းအမျိုးစားကို မောင်းလာသူ ခန့်ထည်ဝါနဲ့ ဇော်မျိုးထက် တို့ကို အမြန်ဆုံး တရားစွဲနိုင်ဖို့ အမ်းမြို့နယ်ရဲစခန်းက ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ မနက် ၇ နာရီလောက်ကလည်း ရန်ကုန်-စစ်တွေကားလမ်းက ဇူးကိုင်းကျေးရွာ အနီးမှာ ဘင်္ဂါလီတွေတင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ တယ်လို့ စခန်းမှူးက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013