DVB Logo
Home
မြန်မာသတင်း
မြိတ်ဆိပ်ကမ်း ၀င်ရောက်လာသည့် ကုန်တင်သင်္ဘော သောင်တင်တိမ်းစောင်း
DVB
·
May 21, 2017
မြိတ်ဆိပ်ကမ်း ၀င်ရောက်လာသည့် ကုန်တင်သင်္ဘော သောင်တင်တိမ်းစောင်း
1 / 5
Donate to DVB

 

ရန်ကုန်မြို့မှ ကုန်စည်တွေတင်ဆောင်လာတဲ့ "အမ်ဗွီ ချမ်းတီတီ"အမည်ရ ကုန်တင်သင်္ဘောဟာ မြိတ်ဆိပ်ကမ်းကို ၀င်ရောက်လာစဉ် သောင်တင်တိမ်းစောင်းသွားတယ်လို့ ကယ်ဆယ်ရေးပြုလုပ်နေတဲ့ ရေတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

မြိတ်ဆိပ်ကမ်းအနီး ကျောက်ဖျာမြစ်ဝမှာ ၀င်ရောက်ဖို့ ကြိုးစားရာကနေ သောင်တင် တိမ်းစောင်းခဲ့ကာ သင်္ဘောတွင်း ရေတွေဝင်ရောက်ခဲ့ပြီး ကုန်စည်တွေလည်း ရေစိုပျက်စီးခဲ့ရ ပါတယ်။

သွားရောက်ကယ်ဆယ်ပေးနေတဲ့ မြန်မာ့ရေတပ်တာဝန်ရှိသူတဦးက “မေလ ၁၄ ရက်နေ့က ဒီသင်္ဘော ထွက်ခွာလာတာ ဖြစ်ပါတယ်။ မြိတ်မြို့အနီးကိုတော့ မေလ ၁၉ ရက်နေ့မှာ ရောက်လာတယ်။ ကျောက်ဖျာမြစ်အတွင်းက ဆိပ်ကမ်းကိုဝင်ဖို့ ကြိုးစားနေတုန်း သောင်တင်ပြီး တိမ်းစောင်းသွားတာပါ။ ထိခိုက်မှုတော့ မရှိဘူး၊ အခုကုန်စည်တွေကို ရေဘ၀ဲကြီး သင်္ဘောပေါ်ကို ပြန်လည်တင်ဆောင်ပေးနေပါတယ်။ အဲဒီသင်္ဘောကတော့ လက်ရှိ အခင်းဖြစ်တဲ့နေရာမှာပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။

အမ်ဗွီချမ်းတီတီသင်္ဘောပေါ်မှာ ပဲ့နင်း ဦးအောင်ကိုကိုနဲ့ လှေသား ၁၄ ယောက် လိုက်ပါလာပြီး ထိခိုက်မှုမရှိကြောင်း သိရပါတယ်။

မြိတ်ရေကြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကိုလေးက “ကျနော်တို့ ညွှန်ကြားရေးမှူးကတော့ လာရောက်ကြည့်ရှုပြီး ညွှန်ကြားချက်လည်း ပေးသွားတယ်။ သူတို့ကိုခေါ်ပြီး ရုံးမှာ စစ်ဆေးမှာပါ။ ထူးခြားဖြစ်စဉ်ကို ရုံးချုပ်ကိုလည်း တင်ပြီးပြီ။ တိုင်းဒေသကြီးကိုလည်း တင်ပြီးပြီ။ သင်္ဘောပေါ် ပါတဲ့ကုန်တွေ ဆယ်ယူပြီးလို့ရှိရင် သူတို့ကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်မှာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ပေါ့လျှော့မှု အပိုင်းတွေ ရှိနေရင်တော့ အရေးယူသွားမယ်”လို့ ပြောပါတယ်။

လှေသောင်တင်တိမ်းစောင်းမှု ဖြစ်ပွားရာကို တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်ကြီး ဦးဌေးဦးနဲ့အဖွဲ့၊ မြိတ်မြို့မှလုပ်ငန်းရှင်တွေ၊ အနီးအနားကျေးရွာမှ ဒေသခံတွေက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

လှေတိမ်းစောင်းရေ၀င်မှုကြောင့် အချိုရည်တွေ၊ အရက်၊ ဘီယာနဲ့ မြေသြဇာအိတ်တချို့

ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။

ကျောက်ဖျာမြစ်မှာ ရေတိမ်တာကြောင့် သင်္ဘောကြီးတွေ ၀င်ထွက်ဆိုက်ကပ်ရာမှာ အခက်အခဲများစွာရှိပြီး ပင်လယ်ဒီရေအတက်ဆုံးအချိန်ကိုသာ တွက်ချက်ဝင်ရောက်နေရတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ လုပ်ငန်းရှင်တဦးကက ပြောပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013