DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ Join-Profit စက်ရုံ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းမှု အဆင်ပြေ
DVB
·
May 21, 2017
လှိုင်သာယာ Join-Profit စက်ရုံ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းမှု အဆင်ပြေ
Donate to DVB

ဆန္ဒဖော်ထုတ်နေတဲ့ လှိုင်သာယာမြို့နယ်စက်မှုဇုန် ၄ က Join-Profit (Myanmar) အထည်ချုပ်စက်ရုံက အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု တောင်းဆိုချက်အများစု ညှိနှိုင်းလို့ အဆင်ပြေပြီး အလုပ်သမားတချို့ မေလ ၂၂ နေ့မှာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက် လုပ်ကိုင်တော့မယ်လို့ အလုပ်ရှင်ကိုယ်စားလှယ်က ပြောပါတယ်။

Join-Profit (Myanmar)အထည်ချုပ်စက်ရုံက အလုပ်သမား ၃၅၀ လောက်ဟာ အခြေခံ အလုပ်သမား အခွင့်အရေးတွေအတွက် မေလ ၁၇ ရက်ကစပြီး ဆန္ဒပြတောင်းဆိုနေတာပါ။

အလုပ်ရှင်ကိုယ်စားလှယ် ဦးဇော်အောင်ခိုင်က “နောက်ဆုံးညှိနှိုင်းမှုအရ အချက်၂ ချက်ပဲကျန်တယ်။ ဆန္ဒပြတဲ့ ရက်တွေအတွက် လုပ်အားခ အပြည့်အဝပေးဖို့ ကိစ္စနဲ့ နှစ်တိုးလစာ တစ်လ ၅၀၀၀ ကျပ် ပေးဖို့ကိစ္စ။ ဒါတွေကိုလည်း အလုပ်ရှင်က တတ်နိုင်သမျှ ထပ်ညှိပေးမယ်လို့တော့ ပြောထားတယ်။ အလုပ်လုပ်ချင်တဲ့ ကလေးတွေကိုလည်း အလုပ်ဆင်းဖို့ ဖိတ်ခေါ်တယ်။ တချို့ ကလေးတွေလည်း မနက်ဖြန် အလုပ်ပြန်ဆင်းမယ်လို့ သိရတယ်။ ဘယ်လို သဘောတူညီချက်နဲ့ ဆင်းမယ်လို့တော့ မသိသေးဘူး” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

စက်ရုံဘက်က အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ မေလ၊ ၁၇၊ ၁၈၊ ၁၉ ရက်နေ့အထိ ၃ ကြိမ် မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။

အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013