DVB Logo
Home
မြန်မာသတင်း
ဟင်္သာတမြို့ နေအိမ်တအိမ်တွင်း အကြိမ်ကြိမ်မီးထထောက်သည့် ထူးခြားမှု ဖြစ်ပွား
DVB
·
May 21, 2017
ဟင်္သာတမြို့ နေအိမ်တအိမ်တွင်း အကြိမ်ကြိမ်မီးထထောက်သည့် ထူးခြားမှု ဖြစ်ပွား
1 / 5
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်က နေအိမ်တအိမ်အတွင်းမှာ မီးအကြိမ်ကြိမ်ထတောက်တာ ၇ ရက်လောက်ရှိပြီလို့ အိမ်ပိုင်ရှင်က ပြောပါတယ်။

ဟင်္သာတမြို့နယ် ပန်းပဲတန်းရပ်ကွက် ဇောတိကလမ်း အိမ်အမှတ် ၃၃၇ က ကိုရဲထွန်းဦးနဲ့ မဇာကြည်ဝင်းတို့ ဇနီးမောင်နှံတို့ရဲ့ အိမ်တွင်းမှာ မေ ၁၃ ရက်နေ့စတင်ပြီး မေ ၂၀ ရက်နေ့ ညထိ မီးထထ တောက်နေတယ်လို့ အိမ်ပိုင်ရှင် ကိုရဲထွန်းဦးက ပြောပါတယ်။

“နေအိမ်မှာ မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်က စတင်ပြီး အိမ်နောက်ဖေးခန်း ထောင့်တနေရာက မီးစတောက်တာကို မြင်တွေ့ခဲ့ရတဲ့အတွက် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး အိမ်နောက်အမိုးတွေကို ဖျက်ချထားခဲ့ရတယ်။ မေ ၁၅ ရက်နေ့ကလည်း ဘေးနားကပ်အိမ်ရဲ့ မိုးပက်တဲ့အတွက် ကာရန်ထားတဲ့ ပလတ်စတစ် အကာကို ထပ်မံလောင်ကျွမ်းခဲ့ပါတယ်။ မေ ၁၆ ရက်နေ့မှာတော့ အိမ်ဘေးအိမ်ရဲ့ နောက်အဖီကို ထပ်မံမီးထတောက်ခဲ့ ပါတယ်။ မေ ၁၇ ရက် နေ့လယ် ၂ နာရီခွဲမှာ အိပ်ခန်းတွင်းက ခြင်ထောင်တွေနဲ့ ဖက်ခေါင်းအုံးကိုပါ လောင်ကျွမ်းခဲ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အသိပေးအကြောင်းကြားခဲ့ပါတယ်။ မေ ၂၀ ရက် မနက် ၉ နာရီခွဲလောက်မှာ အိမ်ပေါ်ထပ်တက်တဲ့ လှေကား ဘေးအကာကို မီးထတောက်နေတာကို ထပ်မံတွေ့ရှိခဲ့ရပြီး ညနေ ၄ နာရီ ၁၅ မိနစ်လောက်မှာ အိပ်ခန်းပေါ်က ပိုက်စိမ်းတွေကို ထပ်မံလောင်ခဲ့တဲ့အတွက် လူတွေ စောင့်ကြည့်နေခဲ့ရပါတယ်။ ည ၈ နာရီ လောက်မှာ အိမ်နောက်ဖေးမှာ လှန်းထားတဲ့ ရေစိုလုံချည်ကို ထပ်မံမီးလောင်ခဲ့တာကို တွေ့ရှိခဲ့ရတာ”လို့ ပြောပါတယ်။

ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးနောင်က “အမိုးက အရမ်းနိမ့်တယ်။ ပြီးတော့ မီးလောင်လွယ်နိုင်တဲ့ ဓာတ်သတ္တုတွေဆိုတာ ရှိတယ်။ အဲဒါတွေကို ပိုးဟပ်တို့၊ ကြွက်တို့က သယ်လာပြီး အိမ်ထဲမှာ မီးလောင်မှုတွေ ဖြစ်နိုင်တယ်လို့ သတ်မှတ်ပါ တယ်။ အဲဒါကြောင့် ဒီကနေ့မှာ တအိမ်လုံးကို ရေတွေ ဖျန်းပေးနေပါတယ်” လို့ ပြောပါတယ်။

မေလ ၂၀ ရက်နေန့ ည ၈ နာရီ မိနစ် ၂၀ လောက်မှာ ဟင်္သာတမြို့ပေါ်ရှိ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တွေ လာရောက်ကြည့်ရှုစစ်ဆေးနေစဉ် အိမ်နောက်ဖက်ခေါင်တိုင်မှ ညှော်နံ့ထွက်ကာ မီးခိုးတွေ ထွက်လာတဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေ တညလုံးစောင့်ကြည့်ခဲ့ရပါတယ်။

ဒီနေ့ နေ့လယ်အထိတော့ မီးလောင်ကျွမ်းမှု ထပ်မံမဖြစ်သေးဘူးလို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013