DVB Logo
Home
မြန်မာသတင်း
ကုန်ကားကိုကျော်တက်သည့်ဆိုင်ကယ် ကားအောက်ဝင်ရောက်၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
May 21, 2017
ကုန်ကားကိုကျော်တက်သည့်ဆိုင်ကယ် ကားအောက်ဝင်ရောက်၊ အမျိုးသမီး ၁ ဦး သေဆုံး
Donate to DVB

 

မြိတ်-တကူလမ်းပိုင်းမှာ မေလ ၂၀ ရက် မနက် ၁၀ နာရီအချိန်က ကုန်ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ တနင်္သာရီ မြို့နယ်ရဲစခန်းက ပြောပါတယ်။

တနင်္သာရီမြို့နယ် ဇ၀ဲကျေးရွာအုပ်စု ဒူးကြိုလေးမိုင်ကျေးရွာအနီး မြိတ်-တကူလမ်းပိုင်းမှာ အသက် ၂၇ နှစ်အရွယ် စောညီညီစိုး မောင်းနှင်လာတဲ့ ၆ ဘီးကုန်တင်ကားကို မြိတ်တောင် နယ်မြေ အင်းလေးမြိုင်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် မခင်စန်း မောင်းနှင်လာတဲ့ ဆိုင်ကယ်က ကျော်တက်ရာမှ ကားဘီးအောက်ဝင်သွားပြီး အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့တာပါ။

တနင်္သာရီမြို့နယ်ရဲစခန်း နယ်ထိန်း စောဘမြင့်က “ယာဉ်တိုက်မှုဖြစ်တဲ့ မိန်းကလေးက မြိတ်ကလို့ သိရတယ်။ ကုန်ကားက သာရဘွင် ကျေးရွာကပါ။ ကုန်ကားကို ကျော်တက်လိုက်တဲ့ အချိန်မှာ ကားအောက်ကို ဝင်သွားတာပါ။ ရဲစခန်းမှာ အခုအမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး တနင်္သာရီမြို့နယ်ရဲစခန်းက ယာဉ် (ပ)၁၃ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) စစ်ဆေးဆောင်ရွက်နေပြီး ဥပဒေအရအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)၊ ဓာတ်ပုံ - အေးမင်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013