DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် ကဏန်းရှာသွားသည့် မောင်နှမ ၂ ဦး ရေနစ်သေဆုံး
DVB
·
May 21, 2017
ရသေ့တောင်တွင် ကဏန်းရှာသွားသည့် မောင်နှမ ၂ ဦး ရေနစ်သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နဂါးမောက်(အထက်ပိုင်း)ကျေးရွာ မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်က မောင်နှစ်မ ၂ ယောက် ကဏန်း ရှာရင်သွားရာ ရေစီးကြောင်းနဲ့မျောပါပြီး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရသေ့တောင်မြို့မ ရဲစခန်းကပြောပါတယ်။

နဂါးမောက်(အထက်ပိုင်း)ကျေးရွာနဲ့ မနီးမဝေးတဲ့ ပုစွန်မွေးမြူထားတဲ့ တာဘောင်တွေ ဆီကို သွားရောက်ကဏန်းရှာရင်း ရေစီးကြောင်းနဲ့မျောပါပြီး ရေနစ်သေဆုံးသွားတာလို့ ရသေ့တောင်မြို့မ ရဲစခန်းကရဲအုပ်စံရွှေက ဒီဗွီဘီကိုပြောပါတယ်။

“ရွာနဲ့မနီးမဝေးဘူး။ မောင်နှစ်မ နှစ်ဦး ကဏန်းသွားထောင်(ရှာ)တာ။ အဲဒီမှာ ရေစီးနဲ့ မျောပါသွားပြီးတော့ သေဆုံးသွားတာပါ။ မနေ့ညနေ ၅ နာရီပတ်ဝန်းကျင်လောက်ပါ။ အဲဒီမှာ ပုစွန်မွေးထားတဲ့ တာဘောင်တွေရှိတယ်။ အဲဒီမှာ ကဏန်းသွားရှာတာ။ မောင်နှစ်မနှစ်ယောက်လုံး တပြိုင်တည်း ရေနစ်ဆုံးတာပါ။ ဒီနေ့ မနက်ပိုင်းက ကျနော်တို့ ဆရာဝန်တွေရဲ့ ဆေးစာတွေ ရပါတယ်။”

သေဆုံးမောင်နှမ ၂ ဦးမှာ မမိုးမိုးသန်းအသက် ၁၁ နှစ်နဲ့ မောင်ကျော်မင်းထွန်းအသက် ၈ နှစ် နဂါးမောက် (အထက်ပိုင်း) ကျေးရွာကဖြစ်ပြီး သူတို့ ၂ ဦးကို ဒီကနေ့ အဲဒီရွာမှာ သဂြုင်္ိဟ်သွားမယ်လို့ ရဲအုပ်ကပြောပါတယ်။

သူတို့နှစ်ဦးသေဆုံးမှုနဲ့ပတ်သတ်လို့ ရသေ့တောင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၇ နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - သိန်းဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013