DVB Logo
Home
မြန်မာသတင်း
လူသတ်ဆိုင်ကယ်လုသူများကို ဖမ်းဆီးရာ ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရဲက ပစ်ခတ်ဖမ်းဆီး
DVB
·
May 21, 2017
လူသတ်ဆိုင်ကယ်လုသူများကို ဖမ်းဆီးရာ ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရဲက ပစ်ခတ်ဖမ်းဆီး
Donate to DVB

 

ဆိုင်ကယ်မောင်းနှင်သူအမျိုးသားကို ဓားနဲ့ခုတ်ကာ ဆိုင်ကယ်အား လုယက်ယူဆောင် သွားသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းလိုက်လံဖမ်းဆီးစဉ် ဓားနဲ့ ပြန်လည်ခုခံရန်ပြုတာ ကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ ၁၉ ရက်နေ့ ည ၁၁ နာရီလောက်က ဒဂုံမြို့သစ် (အရှေ့)မြို့နယ် (၁၁၈)ရပ်ကွက် ဦးမြူလမ်းပေါ်ရှိ ရထားသံလမ်းအနီးမှာ အမျိုးသားတဦး သွေးအိုင်ထဲမှာ လဲနေကြောင်း သတင်းရလို့ အုပ်ချုပ်ရေးမှူးနဲ့ ဒဂုံမြို့သစ်(အရှေ့) မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာ နေရာကို သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ကယ်ရီမောင်းသူ နေမျိုးထွန်းဟာ သွေးအိုင်ထဲမှာ ဘေးတစောင်းအနေအထားနဲ့ လဲကျနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

နေမျိုးထွန်းနဲ့အတူဆိုင်ကယ်စီးလာသူ အမျိုးသားကို မေးမြန်းခဲ့ရာ အမည်မသိအမျိုးသား ၃ ဦးက ဆိုင်ကယ်ကိုတားကာ ဓားနဲ့ ခုတ်ပြီး Wave-110 ဆိုင်ကယ်လုယူ မောင်းနှင်ထွက်ပြေး တာလို့ ပြောပါတယ်။

ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်း (ပ)၄၀၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ နဲ့ အမှုဖွင့်ကာ ဆိုင်ကယ်လုယူသွားသူတွေကို ရှာဖွေဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ရာမှာပါဝင်သူတဲပ သန့်ဇင်ဦး ၃၄ နှစ်ကို မေ ၁၉ ရက် ည ၁၁ နာရီ ၅၀ မိနစ်မှာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၁၃၃)ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်းနှင့် မောရ၀တီလမ်းထောင့်မှာ တွေ့ရှိဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ ခုခံတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဟိန်းထက်ကို (၂၁) နှစ်ကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မေ ၂၀ ရက်နေ့ မနက် ၉ နာရီခွဲမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၉) ရပ်ကွက်နေအိမ်မှာ ဖမ်းဆီးမိကြောင်း၊ ဖမ်းဆီးရမိသူ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ လွတ်မြောက်နေသူ ၁ ဦးကို ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ နေမျိုးထွန်းကတော့ မြောက်ဥက္ကလာပ ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံ ယူနေစဉ် မေ ၁၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ သေဆုံးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013