DVB Logo
Home
မြန်မာသတင်း
ကံ​ပေါက်တွင် ထိုင်း​ ပီတီတီ ကုမ္ပဏီ အလုပ်သမား​များ​ ဆန္ဒပြ
DVB
·
February 2, 2012
ကံ​ပေါက်တွင် ထိုင်း​ ပီတီတီ ကုမ္ပဏီ အလုပ်သမား​များ​ ဆန္ဒပြ
Donate to DVB

အလုပ်ချိန်များ​ပြား​မှု လုပ်ခလစာနည်း​ပါး​မှု​တွေနဲ့​ လုပ်ငန်း​ခွင်အဆင်မ​ပြေ မှု​တွေ​ကြောင့်​ တနင်္လာရီတိုင်း​၊​ ထား​ဝယ်ခရိုင် ကံ​ပေါက်​ဒေသမှာ ထိုင်း​နိုင်ငံပိုင် ပီတီတီကုမ္ပဏီက အလုပ်သမား​တွေ ဆန္ဒပြခဲ့​ကြပါတယ်။

ကံ​ပေါက်​ဒေသရှိ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​တွေမှာ အခြား​ကုမ္ပဏီ​တွေက အလုပ်သမား​ တဦး​အတွက် တရက်လုပ်ခ ကျပ် ၇​ ထောင် ​ပေး​ချိန်မှာ ပီတီတီကုမ္ပဏီက ကျပ် ၄​ထောင်ပဲ ​ပေး​တဲ့​အပြင် အလုပ်ချိန် တ​နေ့​ ၁၂ နာရီအထိ တိုး​မြှင့်​လုပ်ဖို့​ လက်မှတ်ထိုး​ခိုင်း​လာတာ​ကြောင့်​ ကုမ္ပဏီအလုပ်သမား​ ၆၀ ​လောက်က ဆန္ဒပြခဲ့​ကြတာပါ။

ဇန်နဝါရီ ၃၁ ရက်​နေ့​က​နေ ​ဖေ​ဖော်ဝါရီလ ၂ ရက်​နေ့​အထိ လုပ်ခလစာတိုး​မြှင့်​ရေး​၊​ နဂိုအလုပ်ချိန် ၈ နာရီနဲ့​ ထမင်း​စား​ချိန်​ပေး​ရေး​၊​ လုပ်ငန်း​ခွင်အဆင်​ပြေ​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​တာဝန်ယူ​ပေး​ဖို့​ ဆိုတဲ့​ အချက်​တွေကို ​တောင်း​ဆို​နေကြပါတယ်။

သဘာဝဓာတ်​ငွေ့​စီမံကိန်း​ရဲ့​ လူမှုစီး​ပွား​ဌာနကို ဒီပြဿနာ​တွေ တင်ပြခဲ့​ပေမယ့်​ တစုံတရာ ​ဖြေရှင်း​ပေး​တာမျိုး​ မရှိတာ​ကြောင့်​ ​တောင်း​ဆိုဆန္ဒပြခဲ့​ကြတာလို့​ ဦး​ဆောင်ဆန္ဒပြခဲ့​တဲ့​ အလုပ်သမား​တဦး​က ​ပြောပြပါတယ်။

“ကျ​နော်တို့​ ဆန္ဒပြမှု မဖြစ်ခင် ၂ ပါတ်​လောက်အလိုမှာ သူက စာချုပ်တခု ချုပ်ဖို့​ ကျ​နော်တို့​ကို​ပေး​တယ်။ အဲဒီစာချုပ်ထဲမှာ အလုပ်သမား​တွေရဲ့​ တရက်အလုပ်ချိန် ၁၂ နာရီ၊​ ​နောက်ပြီး​တော့​ တပတ်မှာ ၇ ရက်ဆင်း​ရမယ်၊​ အဲဒီစာချုပ်ပါ ကျ​နော်တို့​ သိမ်း​ထား​တယ်။ လက်ခံတ​စောင် သိမ်း​ထား​တယ်။ အဓိကအချက်​တော့​ အဲဒါပဲ။ ခံစား​မှု၊​ ဝန်​ဆောင်မှုပါ တခုမှမရှိဘူး​။ သူရဖို့​ တခုတည်း​ ချုပ်ထား​တဲ့​စာချုပ်ပါ။ ကျ​နော်တို့​ဆီမှာ လူမှုစီး​ပွား​ ဌာနကို တင်လိုက်ပါတယ်။ ၂ ပတ်​လောက် ​စောင့်​တယ်။ အ​ခြေအ​နေမထူး​လာဘူး​။ ၃၁ ရက်​နေ့​က ဆိုင်း​ဘုတ်​တွေကိုင်ပြီး​ ဆန္ဒပြတယ်။ ဆန္ဒပြတဲ့​အထဲမှာ ၅၈ ​ယောက်ရှိပါတယ်။ ဒီ​နေ့​အချိန်မှာ​တော့​ နည်း​နည်း​လျော့​လာတယ်။”

ဆန္ဒပြ​တောင်း​ဆို​နေ​ပေမယ့်​ ကုမ္ပဏီ​တွေဘက်က ဘာမှ လုပ်မ​ပေး​သေး​ဘူး​လို့​လည်း​ ဆန္ဒပြ အလုပ်သမား​ခေါင်း​ဆောင်က ​ပြောပါတယ်။

“၃၁ ရက်​နေ့​က ဆန္ဒပြပြီး​တာနဲ့​ သူတို့​က ကျ​နော်တို့​ကို တာဝန်ခံတဲ့​ လူကြီး​က ကျ​နော်တို့​ကို လစာတိုး​ပေး​မယ်ဆိုပြီး​ နှစ်သိမ့်​ပြီး​တော့​ ကား​ပေါ်တက်၊​ ပိုက်ဆံရှင်း​ပေး​မယ်ဆိုပြီး​ အဲဒီပုံစံမျိုး​လုပ်တယ်။ လကုန်ရက်ဆို​တော့​။ ဒါ​ပေမယ့်​ ကျ​နော်တို့​ကလည်း​ ဦး​ဆောင်ပြီး​ ကား​ပေါ်မတက်ခိုင်း​ဘဲ တရုတ်​တွေ​နေတဲ့​ ကုမ္ပဏီနဲ့​ ​နောက်ပြီး​တော့​ ပီတီတီ ကုမ္ပဏီက နည်း​နည်း​ ခပ်လှမ်း​လှမ်း​ရှိတယ်။ အဲဒါကို လမ်း​လျှောက်သွား​ပြီး​ အဲဒီ ပီတီတီ ကုမ္ပဏီအ​ရှေ့​မှာ အဲဒီစာရွက်​တွေ ​ထောင်ပြီး​တော့​ ငြိမ်ငြိမ်သက်သက်​နေပါတယ်။ လူကြီး​တွေ၊​ နိုင်ငံခြား​သား​တွေ၊​ တာဝန်ရှိသူ​တွေ ထွက်လာတယ်။ အဲဒီမှာမှ သူတို့​ ထိထိ​ရောက်​ရောက် လုပ်​ပေး​မယ် ​ပြောပြီး​တော့​ အခုချိန်ထိ ဘာမှ မထူး​သေး​ဘူး​။”

ဒီလို ကုမ္ပဏီ​တွေဘက်က လုပ်​ဆောင်​နေတာကို အစိုး​ရတာဝန်ရှိသူ​တွေ၊​ ပြည်သူ့​ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ကြား​ဝင် ​ဖြေရှင်း​ပေး​ဖို့​ကိုလည်း​ အလုပ်သမား​တွေက လိုလား​နေတယ်လို့​လည်း​ ဆိုပါတယ်။

သူတို့​တောင်း​ဆို​နေတဲ့​ အချက်​တွေနဲ့​ ပတ်သက်ပြီး​ ကံ​ပေါက် သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​ အလုပ်သမား​ ​ခေါင်း​ဆောင်တ​ယောက်က “ကျ​နော်တို့​က တင်ပြထား​တာ အလုပ်ချိန် ၁၂ နာရီသတ်မှတ်ထား​တာ အဲဒါကို ပြုပြင်​ပေး​သင့်​တယ်။ အလုပ်သမား​ အကြိုအပို့​ အစီအစဉ်​တွေရှိတယ်။ အဲဒါ​တွေက လုံး​ဝ ကိုယ့်​အစီအစဉ်နဲ့​ ကိုယ်လာရတဲ့​သူ​တွေ များ​တယ်။ ကျ​နော်တို့​ ဒီ နယ်တဝိုက်မှာ။ ​နောက် အလုပ်ချိန်အတွင်း​မှာ အခုဆိုရင် ​ရေသန့်​စက်က ​ရေကိုအလုံအ​လောက် မရဘူး​။ ​ရေကို ဖြစ်သလို လိုက်​သောက်​နေရတယ်။ ​နောက်ပြီး​ အလုပ်ထဲမှာ တရုတ်​တွေက အလုပ်ခိုင်း​စရာရှိရင် လက်နဲ့​ခေါ်ပြီး​မခိုင်း​ဘူး​။ ​ခြေ​ထောက်နဲ့​ ပြခိုင်း​တယ်။”

ပြီး​ခဲ့​လပိုင်း​တွေကလည်း​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွေမှာ အလား​တူ အလုပ်သမား​တွေ လုပ်ခ လစာ အပြည့်​အဝမရတာ၊​ လုပ်ငန်း​ခွင် မသာယာမှု​တွေ​ကြောင့်​ မ​ကျေမနပ်ဖြစ်ခဲ့​ဖူး​ပါတယ်။

အစိုး​ရရဲ့​ မူဝါဒ​တွေထဲမှာ​တော့​ ဒီလိုပြဿနာ​တွေကို သက်ဆိုင်ရာ တိုင်း​ဒေသကြီအစိုး​ရ၊​ ပြည်သူကိုယ်စား​လှယ်​တွေ၊​ အလုပ်သမား​တွေနဲ့​ အလုပ်ရှင်​တွေ ​စေ့​စပ်ညှိနှိုင်း​ဖြေရှင်း​ဖို့​ဆိုတာမျိုး​တွေ ချမှတ်ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013