DVB Logo
Home
မြန်မာသတင်း
ကလေးများကို ရိုက်မှုဖြင့် လပွတ္တာ ပရဟိတကျောင်းမှ ဆရာတော် ၄ ပါးကို တရားစွဲဆို
DVB
·
May 20, 2017
ကလေးများကို ရိုက်မှုဖြင့် လပွတ္တာ ပရဟိတကျောင်းမှ ဆရာတော် ၄ ပါးကို တရားစွဲဆို
Donate to DVB

လပွတ္တာမြို့နယ်က တူးမြောင်းတိုက်နယ် ရေဆိုင်အုပ်စု အပြင်ရေဆိုင်ကျေးရွာက YGW ပရဟိတကျောင်းမှ ဦးဆောင်ဆရာတော်လေးပါးကို ကျောင်းသားမိဘတွေက မြို့နယ်တရားရုံးမှာ မေလ ၁၉ ရက်နေ့ညနေပိုင်းက ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုလိုက်ပါတယ်။

YGW ပရဟိတကျောင်းမှ ဦးဆောင်ဆရာတော်တွေဖြစ်တဲ့ ဦးဣန္ဒောဘာသ ဝါတော်(၂)ဝါ၊ဦးပညာနန္ဒ ဝါတော်(၄)ဝါ ဦးဝိစိတ္တ ဝါတော်(၃)ဝါ ဦးနန္ဒာမာလာ ဝါတော်(၂)ဝါ တို့ကို ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆(ဃ) အရ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားရုံးက မောင်စိုးနောင်နောင်နဲ့ မောင်မျိုးထက်ဦးတို့ကိုယ်စား အဖွားဖြစ်သူ ဒေါ်ကြည်အေးနဲ့ သားဖြစ်သူ မောင်ဝေယံဦး နဲ့မောင်ဖြစ်သူ မောင်ဖြိုးငွေစိုးတို့အတွက် ဒေါ်ကေသွယ်မိုးတို့က တို့က တရားစွဲခဲ့တာဖြစ်ပြီး မြိုနယ်တရားသူကြီးက လက်ခံဆောင်ရွက်နေပါတယ်။

အဲဒီကျောင်းကနေ လွန်ခဲ့တဲ့ ၃ လ လောက်ကတည်းက ကျောင်းသားငယ်တဦး ဦးခေါင်းပေါက်ပြဲတဲ့အထိ ရိုက်နှက်ခံရတာမျိုးရှိခဲ့ပါတယ်။ အခုဖြစ်ပွားတဲ့အမှုကတော့ မေလ ၁၁ ရက်နေ့ ညကအိမ်ကို ပြန်ချင်တဲ့ ကလေးတွေ မတ်တပ်ရပ်လို့ ပြောခဲ့တာကြောင့် မတ်တပ်ရပ်ခဲ့တဲ့ ကလေးငယ်အချို့အရိုက်ခံခဲ့ကြရပြီး အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးငွေစိုးကတော့ ၂၉ ချက်အထိ ဦးဆောင်ဆရာတော်တွေက ၀ါးစိမ်းတုတ်နဲ့ ရိုက်ခဲ့တဲ့အပြင် နောက်နေ့မှာ ကလေးအချို့ပြန်လာခေါ်တဲ့ မိဘတဦးလည်း ကလေးကိုယ်စား အရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

တာဝန်ခံဆရာတော် ဦးပညာနန္ဒကတော့ “ကျောင်းအပ်ကတည်းက စည်းကမ်းချက်ထဲမှာ အနည်းဆုံးသုံးနှစ်၊ မိဘ သာရေး နာရေး ကလွဲရင် နေထိုင်ရမယ်။ တကယ်လို့ပြန်မယ်ဆိုရင် ၂၅ ချက်အရိုက်ခံရမယ်လို့ပြောတယ်။ သူတို့လည်း ဒီအတိုင်းလက်ခံတယ်။ အခုပြန်ချင်တယ်ဆိုလို့ စည်းကမ်းအတိုင်းဆောင်ရွက်တာ။ ရိုက်တဲ့အခါ သူတို့လည်းမခံနိုင်ဘူး။ ဒကာကြီးတို့ဆိုရင်လည်း ခံနိုင်မှာမဟုတ်ဘူး။ တချို့ဆိုရင် သုံးချက်ပဲရိုက်ရသေးတယ်။ အရိုက်မခံနိုင်တော့လို့ မပြန်တော့တဲ့ သူတွေလည်း ရှိတယ်။” လိုပြောကြားထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ သာသနာရေး အပါအဝင် အစိုးရပိုင်းကလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

YGW ဗဟို အနေနဲ့ကတော့ စုံစမ်းစစ်ဆေးမှုအရ လပွတ္တာ YGW နဲ့ပတ်သက် ဖြစ်ပေါ်နေတာတွေဟာ လုပ်ကြံဖန်တီးထားတာတွေဖြစ်တယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013