DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုလမ်းမကြီးပေါ် ခရီးသည်တင်ယာဉ်တစီးကို လက်နက်ကိုင်အဖွဲ့က မီးရှို့
DVB
·
May 20, 2017
ပြည်ထောင်စုလမ်းမကြီးပေါ် ခရီးသည်တင်ယာဉ်တစီးကို လက်နက်ကိုင်အဖွဲ့က မီးရှို့
Donate to DVB

ရှမ်းပြည်နယ် မူဆယ်ကနေ ရန်ကုန်ဘက်ကို ဆင်းလာတဲ့ မြမန္တလာထွန်း Express ခရီးသည်တင်ယာဉ်တစီး မေလ ၁၉ ရက်နေ့က ပြည်ထောင်စု လမ်းမကြီးပေါ် ခိုမုန်ရွာအနီးမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အခွန်မပေးဆောင်လို့ ဆိုပြီး လက်နက်ကိုင်အဖွဲ့တခုက မီးရှို့ ဖျက်ဆီးသွားခဲ့တာလို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့ ကားပေါ်မှာ ခရီးသည် ၃၁ ဦးနဲ့ ယာဉ်မောင်း ၂ ဦးနဲ့ ယာဉ်နောက်လိုက် ၂ ဦး ပါဝင်ခဲ့ပါတယ်။ ယာဉ်နောက်လိုက် တယောက်ကတော့ မူဆယ်ကနေ ထွက်အလာ ခိုမုန်ရွာအထွက်မှာ အတားခံရပြီး ခရီးသည်တွေ အကုန်လုံးကို ပိုက်ဆံနဲ့ မှတ်ပုံတင်တွေယူ ဆင်းခိုင်းပြီး ကားကို ဓာတ်ဆီလောင်း မီးရှို့လိုက်တာလို့ ပြောပါတယ်။

ခရီးသည် တယောက်ကတော့ လက်နက်ကိုင်အဖွဲ့က ကားသမားကို ကုမ္ပဏီ ပိုင်ရှင်ကို ပေးဖို့ စာတစောင် ပေးလိုက်တယ်လို့ ပြောပါတယ်။ မီးရှို့ခံရတဲ့ကားရဲ့ တန်ဘိုးဟာ သိန်း ၂၀၀၀ (နှစ်ထောင်)ကျော်တယ်လို့ ကားဂိတ်တာဝန်ခံကပြောပါတယ်။ ခရီးသည်တွေရဲ့ ပစ္စည်းတွေ အားလုံးဆုံးရှုံးခဲ့ပြီး ခရီးသည်တွေရဲ့ ပစ္စည်းတန်ဖိုးကတော့ မခန့်မှန်းနိုင်ဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  မန္တလေးက  မြမန္တလာထွန်းကားဂိတ်ကို ဒီဗွီဘီက မေးမြန်းရာမှာ သူတို့ ကုမ္ပဏီက ကားတစ်စီး ယမန်နေ့ ညနေ ၃ နာရီကျော်က မီးရှို့ခံရကာ နမ့်ဖတ်ကာရဲစခန်းက မီးလာရောက်ကူညီငြိမ်းသတ်ပေးခဲ့ကြောင်း၊ ဖြစ်ရပ်အသေးစိတ်ကိုတော့ ရန်ကုန်ရုံးချုပ်သာ သိနိုင်မယ်လို့  ကားဂိတ်ဝန်ထမ်းတဦးက ဖြေကြားပါတယ်။

ရန်ကုန်ရုံးချုပ်ကို ဆက်သွယ်လို့ မရသေးသလို မီးရှို့သွားတဲ့လက်နက်ကိုင်အဖွဲ့ဟာ ကေအိုင်အေလို့ ပြောဆိုနေကြတဲ့အပေါ် မေးမြန်းဖို့ ကေအိုင်အေ/ကေအိုင်အိုဘက်ကိုလည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013