DVB Logo
Home
မြန်မာသတင်း
ဓမ္မာရုံအတွင်း အရက်သောက်သည့် ဦးဇင်း ၂ ပါးနှင့် လူ ၁ ဦးကို ဖမ်းဆီး
DVB
·
May 20, 2017
ဓမ္မာရုံအတွင်း အရက်သောက်သည့် ဦးဇင်း ၂ ပါးနှင့် လူ ၁ ဦးကို ဖမ်းဆီး
Donate to DVB

မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ ဓမ္မာရုံအတွင်းမှာ မေလ ၁၉ ရက်နေ့ည ၁၁ နာရီကျေ်လောက်က ဘာသာ၊ သာသနာညှိုးနွမ်းအောင် သင်္ကန်းဝတ်ပြီး အရက်သောက်နေသူတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ဖြစ်စဉ်မှာ ကျောက္ကာတောင်ရွာ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပူဇော်ပွဲမှာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှုး၊ ဂေါပကအဖွဲ့တို့ ဘုရားပွဲလုံခြုံရေးဆောင်ရွက်နေစဉ် အေးမင်းအောင် (၂၇နှစ်၊ ၇ ဝါ၊ ရဟန်းအမည် ဩတသ၊ အေးသာယာတောစုကျောင်းတိုက်၊ ကျောက်ဖျော့တောပျင်ရွာ၊ ပုလဲမြို့နယ် )၊ ဦးဖြူဝင်း (၅၆နှစ်၊ ၂ဝါ၊ ရဟန်းအမည် ဥူးပညာဝံသ၊ ခြေတော်ရာကျောင်းတိုက်၊ အရာတော်မြို့နယ်)နှင့် ထွန်းထွန်းဝင်း(၂၇နှစ်၊ အင်တိုင်းကျေးရွာ၊ မုံရွာမြို့နယ်)တို့ကို ရွှေဂူနီဘုရားပရဝုဏ်အတွင်းရှိ ဓမ္မာရုံမှာ အရက်ပုလင်း၊ ရေဘူးတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။

ဘာသာ၊ သာသနာညှိုးနွမ်းအောင် အရက်သောက်စားနေတဲ့ အေးမင်းအောင်(၂၇ နှစ်၊ ၇ဝါ၊ ရဟန်းအမည် ဩတသ၊ အေးသာယာတောစုကျောင်းတိုက်၊ကျောက်ဖျော့တောပျင်ရွာ၊ ပုလဲမြို့နယ် )၊ ဦးဖြူဝင်း (၅၆နှစ်၊ ၂ ဝါ၊ ရဟန်းအမည် ဥူးပညာဝံသ၊ ခြေတော်ရာကျောင်းတိုက်၊ အရာတော်မြို့နယ်)တို့ကို ရပ်ကျေး၊ မြို့နယ် သံဃာ့မဟာနာယကတို့ထံ အပ်နှံကာ လူဝတ်လဲစေပြီး အတူဝိုင်းဖွဲ့သောက်စားခဲ့သူ ထွန်းထွန်းဝင်းပါ ၃ ဦးတို့ကို မုံရွာနယ်မြေရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ပြီး မပတအမှတ်စဉ်(၄/၂၀၁၇)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၉၅(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ မုံရွာနယ်မြေရဲစခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013