DVB Logo
Home
မြန်မာသတင်း
ခန္တီးရတနာမြေ ပဋိပက္ခအား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးမည်
DVB
·
May 20, 2017
ခန္တီးရတနာမြေ ပဋိပက္ခအား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးမည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာမှော် မကျန်ခမှော်မှာ မေ ၁၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။

စစ်ကိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မကျန်ခမှော်ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံသွားမယ်လို့  ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ဒီဗွီဘီကို ပြောပါတယ်။

"အမှန်တရားပေါ်ပေါက်ဖို့ စစ်ဆေးပါမယ်။ တွေ့ရှိချက်တွေအပေါ် မူတည်ပြီး အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်။"

အဲဒီအဖွဲ့မှာ တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်ထွန်းက ဥက္က္တဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်၊ အဖွဲ့ဝင်တွေအဖြစ် ဦးမောင်တေး (ခန္တီးမဲဆန္ဒနယ်အမှတ် ၁)၊ ဦးသိန်းလှိုင်ဝင်း (မဲဆန္ဒနယ်အမှတ် ၂)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေး၊ သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးကျော်နဲ့ ခရိုင် ဥပဒေအရာရှိ ဦးကျော်ဝင်းတို့ ပါဝင်ပါတယ်။

စုံစမ်းတွေ့ရှိချက်တွေကို မေ ၃၁ ရက်နောက်ဆုံးထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အစီရင်ခံတင်ရမယ်လို့ ဦးမောင်တေးက ပြောပါတယ်။

ခန္တီးခရိုင်၊ ခန္တီးမြို့၊ ရတနာနယ်မြေ၊ နန်စီပွန်ဒေသရှိ မြန်မာအမ်ပီရီရာယ်ဂျိတ်ကုမ္ပဏီရဲ့ မကျန်ခလုပ်ကွက်အတွင်းရှိ ကျောက်ကြောမြေစာပုံတွေကို ပြီးခဲ့တဲ့ မေ ၁၇ ရက်က ရေမဆေးကျောက်ရှာဖွေသူ အင်အား ၇၀၀ လောက်က ၀င်ရောက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး  ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့သလို ရဲတပ်ဖွဲ့ဝင် ၉ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဆီသိုလှောင်ကန် ၃၈ လုံးလည်း ပျက်စီးခဲ့ပါတယ်။

ဖြစ်စဉ်နဲ့စပ်လျဉ်းပြီး ဖြစ်စဉ်မှန်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းရတာလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားစာအရ သိရပါတယ်။
အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013