DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းကိုဝင်တိုက်၊ ၁ ဦး သေဆုံး
DVB
·
May 20, 2017
အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းကိုဝင်တိုက်၊ ၁ ဦး သေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၁/၃နဲ့၃၃၁/၄) အကြားမှာ ဒီနေ့မနက် ၂ နာရီခွဲလောက်က ကားတစီး ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်တုံးတွေကို ၀င်တိုက်မိတာကြောင့် အမျိုးသားတဦး သေဆုံးသွားခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

နေပြည်တော်ဘက်က မန္တလေးဘက်ကို လင်းပြည့်အောင်  မောင်းနှင်လာတဲ့ ယာဉ်ဟာ ယာဉ်မောင်းအိပ်ငိုက်ပြီး ကာလမ်းလယ်တုံးတွေကို တိုက်မိပြီးနောက် လမ်းလယ်ကျွန်းပေါ်ရောက်ကာ အုပ်ခုံကိုပါ ထပ်မံတိုက်မိပြီး ရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းပါအ၀င် အမျိုးသားနှစ်ဦးလိုက်ပါလာပြီး ဦးမြင့်မောင်အေး ဆိုသူမှာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကာ ယာဉ်မောင်းကတော့ ဒဏ်ရာရရှိခဲ့တာကြောင့် နွားထိုးကြီးဆေးရုံကိုပို့ ဆောင်ကုသနေရပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲမှုးရုံးကဆိုပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စခန်းက ယာဉ်မောင်းလင်းပြည့်အောင်ကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ပြစ်မှုပုဒ်မ-၃၀၄ -(က) /၃၃၈ နဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013