DVB Logo
Home
မြန်မာသတင်း
ပေါက်တောတွင် ၉ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
DVB
·
May 20, 2017
ပေါက်တောတွင် ၉ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြင်မကျေးရွာမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တဦးအား အဓမ္မပြုကျင့်ခဲ့သူကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

မေလ ၁၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်က ပြင်မကျေးရွာက မ--- နေအိမ်ကို အလည်ရောက်ရှိလာပြီး နေအိမ်မှာ တဦးမျှမရှိတဲ့အခိုက် ကလေးမကို အိမ်ပေါ်ဆွဲခေါ်ပြီး အဓမ္မမုဒိမ်းပြုကျင့်လိုက်တာလို့ ပေါက်တောမြို့မရဲစခန်း ဒုရဲအုပ် ဦးသန်းဌေးက ဒီဗွီကိုပြောပါတယ်။

"မုဒိမ်းပြုကျင့်တဲ့သူကို ဖမ်းဆီးထားပါပြီ၊ ဖြစ်တာက မနေ့မနက်ကဖြစ်တာပါ။ အိမ်မှာက ကလေးမရဲ့အမေလည်း မရှိဘူး။ အဖေက စစ်တွေကိုသွားတယ်။ သူ့အစ်ကိုလည်းမရှိဘူး။ ကလေးမတယောက်တည်း အဲဒီဆန်းကြီးဆိုတဲ့သူကအိမ်ရောက်လာတယ်။ အခါတိုင်းလည်း ရောက်နေကျဆိုတော့ ကလေးမလေးနဲ့ ဟိုပြောဒီပြောနဲ့ပေါ့။ အဲဒီကလေးမလေးကို အိမ်ပေါ်ကိုခေါ်တယ်။ ကလေးမက မလာဘူး။ အတင်းဆွဲပြီးတော့ အဓမ္မပြုကျင့်လိုက်တယ်။ အဲဒီပြုကျင့်နေတဲ့အချိန်မှာ ကလေးမရဲ့အမေကဈေးက ပြန်ရောက်လာတယ်။"

ကလေးမရဲ့မိခင်ဖြစ်သူ ရောက်ရှိလားပြီးနောက် အနီးအနားက ကျောက်တောင်ရဲစခန်းကို သွားရောက်တိုင်းတန်းခဲ့တာဖြစ်ပြီး မုဒိမ်းပြုကျင့်သူ ဆန်းကြီးကို နာရီပိုင်းအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲအုပ်က ဆက်လက်ပြောပါတယ်။

အဓမ္မပြုကျင့်ခဲ့သူ ဆန်းကြီး (ခ) ကျော်ဆန်းလှိုင်ဟာ အသက် ၂၀ အရွယ် ကျောက်တောင်ကျေးရွာနေသူဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ မ-- အသက်၉နှစ်အရွယ် ပြင်မကျေးရွာက ဖြစ်ပါတယ်။

ဆန်းကြီးကို တာဝန်ရှိသူတွေက စစ်ဆေးတဲ့အခါမှာလည်း မုဒိမ်းပြုကျင့်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး မုဒိမ်းပြုကျင်ခံရတဲ့ ကလေးမကိုတော့ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်ခံယူပြီး ဆေးတွေပေးလိုက်တယ်လို့ ရဲအုပ်က ပြောပါတယ်။

မုဒိမ်းပြုကျင့်သူ ဆန်းကြီး (ခ) ကျော်ဆန်းလှိုင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ နဲ့ ပေါက်တောမြို့မရဲစခန်းက အမှုဖွင့်ထားပြီး ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့နယ်အတွင်း အသက်မပြည့်တဲ့ ကလေးငယ်တွေ  မကြာခဏဆိုသလို အဓမ္မပြုကျင့်ခံနေရတာရှိနေပြီး ထိရောက်စွာအရေးယူပေးဖို့ စစ်တွေအမျိုး သမီးကွန်ရက်အဖွဲ့က မကြာသေးခင်က ဆန္ဒပြတောင်းဆိုခဲ့ဖူးပါတယ်။

သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ- ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013