DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ ဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင် ဆွေးနွေးညှိနှိုင်း (ဓာတ်ပုံ)
DVB
·
May 19, 2017
လှိုင်သာယာ ဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင် ဆွေးနွေးညှိနှိုင်း (ဓာတ်ပုံ)
1 / 7
Donate to DVB

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ ဒီနေ့ ဆွေးနွေးညှိနှိုင်းနေကြပါတယ်။

ဆန္ဒပြအလုပ်သမားတွေကို အလုပ်ပြန်ဆင်းဖို့ အလုပ်ရှင်ဘက်က တတိယအကြိမ် ကြေညာစာ ထုတ်ပြန်ထားပေမယ့် အလုပ်သမားတွေက တောင်းဆိုချက်တွေ မရမချင်း အလုပ်ဆင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ Join-Profit(Myanmar) Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ မေလ ၁၇ ရက်နေ့ကစပြီး အခြေခံလုပ်ခလစာ နည်းပါးတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေ မရတာကြောင့် ဆန္ဒပြ တောင်းဆိုနေတာပါ။

အဲဒီလိုတောင်းဆိုမှုကို ပြီးခဲ့တဲ့ ၁ လလောက်ကစပြီး တောင်းဆိုခဲ့တာကြောင့် အခုလို အလုပ်ရှင်ဘက်က အလုပ်ပြန်ဆင်းဖို့ မေတ္တာရပ်ခံတာဖြစ်ပြီး အလုပ်သမားတွေက  လက်မခံဘူးလို့ ဆိုပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တချို့ လာရောက်ပြီး မေ ၁၉ ရက်နေ့မှာ အလုပ်ရှင်နဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013