DVB Logo
Home
မြန်မာသတင်း
အိမ်ရာစီမံချက် ချေးငွေကာလနှင့် လက်ငင်းပေးငွေ လျှော့ချပေးနိုင်ရန် ညှိနှိုင်း
DVB
·
May 19, 2017
Donate to DVB

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ရာစီမံချက်မှာ ချေးငွေကာလကို နှစ် ၂၀ ကနေ နှစ် ၃၀ ထိ ရရှိဖို့နဲ့ လက်ငင်းပေးငွေ လျှော့ချပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို တည်ထောင်ပြီး လက်ငင်းငွေချေစနစ်၊ အရစ်ကျငွေချေစနစ်နဲ့ အိမ်ပေါင်ငွေချေးစနစ်ကို လုပ်ဆောင်ပေးနေပေမယ့် လက်ငင်းငွေသား ၃၀ ရာခိုင်နှုန်း ပေးဆောင်ရတာတွေ၊ ချေးငွေကာလက ၈ နှစ်ကနေ ၁၀ နှစ်သာ ရှိတာကြောင့် ပြည်သူတွေ အိမ်ပိုင်ရဖို့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်တယ်လို့ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဒါ့ကြောင့် ကြိုတင်ငွေသွင်းတဲ့ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ဖို့နဲ့ ငွေချေးကာလကို အနှစ် ၂၀ ကနေ အနှစ် ၃၀ ထိ တိုးမြှင့်ပေးသွားနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ တိုင်ပင်နေတယ်လို့ ဆိုပါတယ်။

“ဒီစနစ်မှာ ၃၀ ရာခိုင်နှုန်း now payment ပေးရခြင်း၊ ချေးငွေကာလက တိုတောင်းခြင်းကြောင့် ယခုအထိ အခက်အခဲများ၊ ပြည်သူအများ အိမ်ပိုင်ရာပိုင်ဖြစ်လာရေးအတွက် အခက်အခဲများ ရှိနေတဲ့အတွက် ကျမတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ now payment ကို ဖြေလျှော့ပေးဖို့ရယ်၊ နောက်ပြီးတော့ ချေးငွေကို ဝင်ငွေနည်း ပြည်သူများအတွက် ဒီချေးငွေကာလဟာ လစဉ်ပေးသွင်းရတဲ့ ငွေပမာဏကြောင့် အခက်အခဲဖြစ်နေတဲ့အတွက် ချေးငွေကာလကို နှစ် ၂၀ မှ နှစ် ၃၀ အထိ ကာလတိုးမြှင့် ရရှိဖို့ ပြည်ထောင်စုနဲ့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။”

တချိန်တည်းမှာပဲ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် အိမ်ရာစီမံကိန်းတွေ အကောင်အထည် ဖော်ဆောင်ပေးနိုင်ဖို့ မြေနေရာတွေနဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့အတွက်လည်း လုပ်ဆောင်နေတယ်လို့ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး ဒေါ်နီလာကျော်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

နေစရာမရှိလို့ ကျူးကျော်နေထိုင်သူတွေ များပြားနေချိန်မှာ ကျူးကျော်နေထိုင်ခြင်းမရှိဘဲ ဥပဒေကို လေးစားလိုက်နာပြီး အိမ်ငှားနေထိုင်တဲ့ ဝန်ထမ်းတွေကို အစိုးရက နေအိမ် ဖန်တီးပေးသင့်တယ်လို့ ရွှေပြည်သာမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း ခေါ် ဦးဂေးမောင်က ပြောပါတယ်။

“ဝန်ထမ်းတွေ ကြည့်လိုက်တဲ့အခါမှာ နေစရာမရှိလို့၊ အိုးအိမ်မရှိလို့ ဒုက္ခရောက်ကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အများကြီး ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းဆိုတဲ့နေရာမှာ တပ်မတော်၊ ရဲတပ်ဖွဲ့တို့လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ အဲဒီလို စီစဉ်ဆောင်ရွက်ပေးမယ်ဆိုရင် လုပ်ငန်းခွင်ပျော်တဲ့ ဝန်ထမ်းတွေ ဖြစ်လာမယ်။ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာတဲ့ ဝန်ထမ်းတွေ ဖြစ်လာမယ်။ အဂတိလိုက်စားမှု လျော့နည်းလာအောင် လုပ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။”

အစိုးရအနေနဲ့ ကျူးကျော်တွေကိုတောင် စီမံချက်တွေချမှတ်ပြီး အိမ်ရာစီမံကိန်းတွေ ဖန်တီးပေးနေချိန်မှာ အစိုးရဝန်ထမ်းတွေကိုလည်း နေအိမ်တွေ ဖန်တီးပေးသင့်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနအနေနဲ့ ၁၉၅၁ ခုနှစ်ကနေ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ၁၁၆၄၈၆ ခန်းကို တည်ဆောက်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဝန်ကြီးဒေါ်နီလာကျော်က ပြောခဲ့ပါတယ်။

ဒါဟာ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တခုတည်းက ဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ဝန်ကြီးဌာနတွေကိုလည်း ဆောက်လုပ်ပေးခဲ့တာတွေ ရှိတယ်လို့ ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013