DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် အောင်ရတနာခရီးသည်တင်ကား တိမ်းမှောက်၊၁ ဦးသေ ၁၃ ဦးဒဏ်ရာရ
DVB
·
May 19, 2017
ကန့်ဘလူတွင် အောင်ရတနာခရီးသည်တင်ကား တိမ်းမှောက်၊၁ ဦးသေ ၁၃ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ပင့်သာရွာနဲ့ ချပ်ကြီးရွာအကြားမှာ အောင်ရတနာခရီးသည်တင်ကား တိမ်းမှောက်ခဲ့ပြီး ၁ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှမြို့နယ်ပြည်သူ့ဆေးရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။

မေလ ၁၉ ရက် မနက် ၈ နာရီအချိန် ၀န်းသိုက ရွှေဘိုကို အေးကိုကို မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဝေမိုးနဲ့ အောင်နိုင်စိုးတို့ လိုက်ပါလာတဲ့ ယာဉ်အမှတ် SGG 3M 1914 အောင်ရတနာမှန်လုံလိုင်းကားဟာ ကျွန်းလှ-ကောလင်းကားလမ်း ကန့်ဘလူမြို့နယ် ပင့်သာရွာနဲ့ ချပ်ကြီးရွာအကြား မိုင်တိုင်အမှတ်၉/၀ နဲ့ ၁ ကြားမှာ တိမ်းမှောက်ခဲ့လို့ လိုက်ပါလာတဲ့ ခရီးတွေအနက် ဒေါ်ခင်ကြိုင် ၇၄ ဘဦးကျော်ရန် ထန်းတပင်ဆိပ်ရွာ တန့်ဆည်မြို့နယ်နေသူဟာ သေဆုံးခဲ့ပြီး ခရီးသည်တွေ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရ ခရီးသည် ၁၃ ဦးကို ကျွန်းလှမြို့ မြတ်သုခ လူမှုကူညီရေးအသင်းက ကားနဲ့ကျွန်းလှပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့မရဲစခန်းက မဆင်မခြင်မောင်းနှင်သူယာဉ်မောင်းသူ အေးကိုကို ကို အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013