DVB Logo
Home
မြန်မာသတင်း
ဝန်းသိုဘူတာတွင် ရထားပေါ်က ခုန်ဆင်းသည့် အမျိုးသား ရထားကြိတ်ခံရ၍ သေဆုံး
DVB
·
May 19, 2017
ဝန်းသိုဘူတာတွင် ရထားပေါ်က ခုန်ဆင်းသည့် အမျိုးသား ရထားကြိတ်ခံရ၍ သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်ဝန်းသိုဘူတာမှာ ဒီနေ့မနက် ၁၂ နာရီခွဲလောက်က အမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ကသာခရိုင်ရဲတပ်ဖွဲ့ မှူးရုံးက သိရပါတယ်။

မေလ ၁၉ ရက်နံနက်၁၂ နာရီခွဲလောက်က ၀န်းသိုမြို့မရဲစခန်းက တာဝန်မှူး ဒုရဲအုပ်ကျော်ဇင်ဝေ တာဝန်ဆောင်ရွက်နေချိန် ၀န်းသိုဘူတာမှာ လူတစ်ဦးရထားကြိတ်မိလို့ သေဆုံးသွားကြောင်း ဒုရုံပိုင်က အကြောင်းကြားချက်အရ သက်သေတွေနဲ့အတူ ရထားဘူတာရုံကို သွားရောက်စစ်ဆေးရာ ပြည့်စုံအောင်ဟာ အမှတ်(၃၈)အစုန် မြစ်ကြီးနား-မန္တလေးရထား တွဲအမှတ်(၇)၊ ခုံအမှတ်(၁) နဲ့ မိုးကောင်းကနေ ဝန်းသိုကို လိုက်ပါစီးနင်းခဲ့ရာ ရထားမှာ ဝန်းသို ဘူတာမှာ မရပ်လို့ ဝန်းသိုဘူတာအရောက်ရထားပေါ်က ခုန်ဆင်းရာ ရထားအောက်ကိုရောက်ပြီး အကြိတ်ခံရကာ သေဆုံးသွားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ဝန်းသို မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်၎/၂၀၁၇ နဲ့ အရေးယူဆောင်ရွက် နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013