DVB Logo
Home
မြန်မာသတင်း
အန်စီအေလမ်းကြောင်းတိုင်း ဆက်သွားမည်ဟု ကေအန်ပီပီ ဆုံးဖြတ်
DVB
·
May 19, 2017
အန်စီအေလမ်းကြောင်းတိုင်း ဆက်သွားမည်ဟု ကေအန်ပီပီ ဆုံးဖြတ်
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လမ်းကြောင်းအတိုင်း ဆက်ပြီး အကောင်အထည် ဖော်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။

မနေ့က ကျင်းပပြီးစီးသွားတဲ့ ၁၃ ကြိမ်မြောက်ပါတီကွန်ကရက် ပထမအကြိမ် ပါတီဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာ ထုတ်ပြန်လိုက်တာပါ။

ပါတီအနေနဲ့ အန်စီအေလမ်းကြောင်းအတိုင်း ဆက်သွားဖို့ရှိနေပေမယ့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်ဖြစ်တဲ့အတွက် ကျန်တဲ့အဖွဲ့နဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူးသစ် ဦးရွှေမျိုးသန့်က ပြောပါတယ်။

“အထူးသဖြင့် ကျနော်တို့ အန်စီအေလမ်းကြောင်းမှာ ငြိနေတာက ယူအန်အက်ဖ်စီ တပ်ပေါင်းစု ရှိတာကို။ ကျနော်တို့မှာ ဒီလမ်းကြောင်းတကြောင်းပဲရှိတော့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုနဲ့ ဆက်ပြီးတော့ ညှိနှိုင်းသွားဖို့က သူတို့မကြာခင် အစည်းအဝေးလုပ်ဖို့ရှိတယ်လေ။ အဲဒီမှာ ဆွေးနွေးပြီးတော့မှ အစီစဉ်ချမှတ်မှာပေါ့။ သူတို့ အစည်းအဝေးမှာ ဆွေးနွေးတဲ့အပေါ်မှာ ပိုပြီးတော့မူတည်ပါတယ်။”

ဒါ့အပြင် ကေအန်ပီပီအနေနဲ့ အန်စီအေ လက်မှတ်ထိုးခြင်းမထိုးခြင်းက ယူအန်အက်စီဘက်က တောင်းဆိုထားတဲ့ အချက် ၉ ချက်ပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။

လာမယ့်မေ ၂၄ မှာ ကျင်းပဖို့ရှိတဲ့ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကိုလည်း ပါတီအနေနဲ့ သီးခြားမတက်ဘဲ ယူအန်အက်စီတပ်အပေါင်းစုအနေနဲ့သာ တက်ရောက်လိုကြောင်းလည်း ဦးရွှေမျိုးသန့်က ပြောပါတယ်။

မေလ ၁၇ နဲ့ ၁၈ နှစ်ရက်တာ ပြုလုပ်တဲ့ ၁၃ ကြိမ်မြောက် ပါတီကွန်ကရက် ပထမအကြိမ် ပါတီဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာလည်း ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ် ကို ရွေးချယ်ဖွဲ့စည်းခဲ့ပါတယ်။

ပါတီဥက္ကဋ္ဌအဖြစ် ခွန်အေဘယ်တွဒ်၊ ဒု-ဥက္ကဋ္ဌ ခူးဦးရယ်၊ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်၊ အတွင်းရေးမှူး ၁ ခူးပလူးရယ်၊ အတွင်းရေးမှူး ၂ ခူးဒယ်နီယာယ် နဲ့ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်အဖြစ် ဗိုလ်ချုပ်ဘီထူး၊ ဗိုလ်မှူးကြီးဘုန်းနိုင်၊ ခူးထဲဘူး၊ နဲ့ မန်းစောတို့ကို အသီးသီးရွေးချယ်ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013