စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နောင်မိုးရွာအနီးမှာ တရားမဝင် သယ်ဆောင်လာတဲ့ နွား ၁၅ ကောင် ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှ ရဲအုပ်သန်းထွန်းလှိုင်က ပြောပါတယ်။
ရွာကနေ ၂ မိုင်ခန့်အကွာက အင်ပင်သာကွင်းတောစပ်မှာ သက်သေတွေနဲ့အတူ စောင့်ဆိုင်းနေစဉ် မျိုးလွင်ဦး၊ ဘိုဝင်း(ခ)စောဝင်း၊ ဦးမှိုင်းတို့ ၃ ဦးမှ နွား ၁၅ ကောင်၊ ကာလတန်ဖိုး ၁၀၃,၀၀,၀၀၀ ကျပ်ကို သယ်ဆောင်မောင်းနှင်လာတာ တွေ့ရှိရပြီး စစ်ဆေးရာ ကောလင်းမြို့နယ်မှ အင်းတော်မြို့နယ်၊ နောင်မိုးရွာကို တရားဝင်ခွင့်ပြုချက် မပါဘဲ သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
တရားမဝင် နွားတွေ သယ်လာကြတဲ့ ကိုမျိုးလွင်ဦး၊ ကိုဘိုဝင်းနဲ့ ဦးမှိုင်းတို့ကို အင်းတော်မြို့မရဲစခန်းက အရေးကြီးကုန်စည်ပုဒ်မ ၅ အရ အရေးယူထားပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)











