DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်တွင် စားသုံးရန်မသင့်သည့် အစားအစာများအား မီးရှို့ဖျက်ဆီး
DVB
·
May 19, 2017
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုး-သိန္နီ ကြားရှိ ရေပူစစ်ဆေးရေးစခန်းမှာ ဖမ်းဆီးရမိတဲ့ စားသုံးရန်မသင့်တဲ့ အေးခဲအသားတွေ၊ ပင်လယ်စာတွေ၊ စားသုံးရန်မသင့်တဲ့ အစားအစာတွေကို မေ ၁၈ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အကောက်ခွန် ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “အဲဒါတွေက ပြီးခဲ့တဲ့ ၁၆ ရက်နေ့က မိတဲ့ကားထဲမှာ ပါလာတဲ့ ပစ္စည်းတွေဖြစ်တယ်။ မိတုန်းကဆိုရင် ဒီဂိတ်မှာ စစ်မှန်းသိတော့ ကားကို နောက်ပြန်လှည့်ပြီးတော့ ဒီမှာရှိတဲ့ ကားတစီးကိုရော တိုက်ပြီး မောင်းထွက်ပြေးသွားတယ်။ သိန္နီထဲမှာရော မောင်းထွက်ပြေးတယ်။ ဦးလေးတို့လည်း နောက်ကနေ လိုက်တယ်။ ချင်ရွှေဟော် တိုးဂိတ်ကိုလည်း လမ်းပြောင်းပြန်မောင်းပြေးတော့ ဘယ်သူမှ မမိလိုက်ဘူး။ အဲဒီနားကျော်ပြီး ၇ မိုင်ကျော်ကျော်နားရောက်တော့ ဦးလေးတို့ သူကားကို ကျော်ဖို့လုပ်တော့ သူ့ကားနဲ့ ဦိးလေးတို့ကားကို ဖင်နဲ့လိုက်ရိုက်တယ်။ လိုက်ရင်းနဲ့ သူ့ရှေ့ကားဘီးပေါက်ပြီးတော့ သူ့ကို ဖမ်းလိုက်တယ်။” လို့ ပြောပါတယ်။

အဲဒီကားပေါ်မှာ အေးခဲပင်လယ်စာ၊ ဖုန်းအလုံး ၃၀၀၊ အထည်ထုပ်တွေကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေအရ ကား၊ ဖုန်းနဲ့ အထည်ထုပ်တွေကို လားရှိုးအကောက်ခွန်ဌာနကို လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း ဦးတက်ထွန်းအောင်က ပြောပါတယ်။

မီးရှို့ဖျက်ဆီးရာမှာ ပင်လယ်စာ ၄၂၅ ဖာ၊ ကြက်အူချောင်း ၅၀ နဲ့ တရုတ်မုန့် အစပ်ချောင်း ၁၅ ဖာ ပါဝင်ပါတယ်။ ဖျက်ဆီးခဲ့တဲ့ စားသောက်ကုန်တွေရဲ့ တန်ဖိုးကိုတော့ အခုလောလောဆယ် မသိရသေးဘူးလို့ ဆိုပါတယ်။

၂၀၁၇ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး ၄ လပိုင်းကုန်အထိ ဖမ်းဆီးရမိတဲ့ ပစ္စည်းတန်ဖိုးပေါင်းက ၄,၃၄၇,၃၆၁,၅၂၅ ကျပ်အထိ ရှိပြီလို့ ဦးတက်ထွန်းအောင်က ပြောပါတယ်။

"ဖမ်းမိတာက များတယ်လေ။ အဲလောက်ထိတော့ တိတိကျကျတော့ မမှတ်မိတော့ဘူး။ အခု ဦးလေးတို့က အမှုတွဲပေါင်း ၄ လပိုင်းကုန်အထိတော့ ၂၂၉မှုရှိတယ်။ အဲထဲမှာ ဒီလိုပစ္စည်းတွေ ဘယ်လောက်ပါတယ် ဆိုတာတော့ မသိတော့ဘူး။"

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013