DVB Logo
Home
မြန်မာသတင်း
၁၃ ပါတီကန့်ကွက်စာအပေါ် အရေးယူရန်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ
DVB
·
May 18, 2017
၁၃ ပါတီကန့်ကွက်စာအပေါ် အရေးယူရန်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲကာလက ဒေါ်အောင်ဆန်းစုကြည်အပါဝင် အန်အယ်လ်ဒီ ခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် နိုင်ငံရေးပါတီ ၁၃ ခုက ကန့်ကွက်စာ တင်ခဲ့တာနဲ့ပတ်သက်ပြီး အရေးယူဖို့ မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ရဲ့  ကြားဖြတ်ရွေးကောက်ပွဲကာလက နိုင်ငံပိုင်မီဒီယာတွေကနေ ပြောကြားချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေတွေကို ဖောက်ဖျက် ကျူးလွန်ရာရောက်တဲ့အတွက် အရေးယူပေးဖို့ နိုင်ငံရေးပါတီ ၁၃ ပါတီက မေလ ၈ ရက်နေ့ရက်စွဲနဲ့ တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲက ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေနဲအညီ အသေးစိတ်လေ့လာစိစစ် သုံးသပ်ပြီးနောက် အရေးယူဖို့မရှိကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သည့် ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်ကာလနှင့် အစိုးရအဖွဲ့တာဝန်ယူသည့်တနှစ်ပြည့်ကာတို့ တိုက်ဆိုင်မှုကြောင့်သာ ယခုကဲ့သို့ ကန့်ကွက်မှုများပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အနိုင်ရပါ၏ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြည်သူလူထုကို ရှင်းလင်းပြအသိပေးမှုများသည် မဲဆွယ်စည်းရုံးသည့် သဘောမပါရှိဟု သုံသပ်တွေ့ရှိရပါသည်။” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့အကြီးအကဲတွေဖြစ်စေ၊ အနိုင်ရပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေဖြစ်စေ ပြည်သူလူထုကို တနှစ်တာဆောင်ရွက်ချက်နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြ အသိပေးမှုဟာ ထုံးတမ်းစဉ်လာ လုပ်ရိုးလုပ်စဉ်သာဖြစ်တယ်လို့လည်း ကော်မရှင်ကဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရသက်တမ်း တနှစ်ပြည့်အဖြစ် မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယို အစီအစဉ်တွေကနေ မတ် ၃၀ ရက်က မိန့်ခွန်းပြောကြားခဲ့ရမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး အန်အယ်လ်ဒီရဲ့ နိုင်ငံရေးရည်မှန်းချက်တွေပါဝင်တဲ့ စည်းရုံးဟောပြောတဲ့ မိန့်ခွန်းဖြစ်ကြောင်း အထင်အရှားတွေ့ရတယ်လို့ ကြံ့ခိုင်ရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၁၃ ပါတီက ကန့်ကွက် တိုင်ကြား ထားတာပါ။

ဒ့ါအပြင် ဒီမိန့်ခွန်းအပြည့်အစုံကို  ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်တာတွေ မပြုလုပ်ရလို့ တားမြစ်ထားတဲ့နေ့မှာ နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြခဲ့တာဟာ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာရောက်လို့ အရေးယူပေးဖို့  ပါတီ ၁၃ပါတီက တောင်းဆိုထားတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013