DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ် တရက်တည်း ယာဉ်တိမ်းမှောက်မှု ၂ ကြိမ်ဖြစ်၊ ၁ ဦးသေ ၁၇ ဦး ဒဏ်ရာရ
DVB
·
May 18, 2017
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘုရားတောင် ရဲစခန်းအပိုင်မှာ မေ ၁၇ ရက်နေ့ ဘုရားဖူးယာဉ်နဲ့ အိမ်စီးယာဉ် ၂ စီး တိမ်းမှောက်ရာမှ ၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉/၁ နဲ့ ၂၂၉/၂ ကြားမှာ မေ ၁၇ ရက် ညနေ ၆ နာရီခွဲက မန္တလေးဘက်မှ နေပြည်တော်ဘက်ကို ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်နေသူ ယာဉ်မောင်း ဟိန်းမင်းလတ် မောင်းနှင်လာတဲ့ Light Truck အဖြုရောင်ယာဉ်ဟာ ခရီးသည် ကျား၊ မ ၂၀ ဦး တင်ဆောင်မောင်းနှင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉ အနီးရောက်မှာ ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ မြေသားလမ်းပေါ်ကို တိမ်းမှောက်သွားခဲ့တာပါ။ ယာဉ်ပေါ် လိုက်ပါစီးနင်းလာသူတွေအနက် အမျိုးသား ၁ ဦးမှာ ဆေးရုံတင်ပို့စဉ် သေဆုံးသွားခဲ့ပြီး အမျိုးသား ၇ ဦး၊ အမျိုးသမီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲမှူးရုံးက သိရပါတယ်။

မေ ၁၇ နေ့ည ၁၀ နာရီခွဲလောက်ကလည်း ဖြူးအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၀၈/၀ အနီးမှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်ကို ယာဉ်မောင်း မင်းသူ မောင်းနှင်လာတဲ့ CANTER အဖြူရောင်ယာဉ်ဟာ မိုးရွာသွန်းလို့ စလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းပေါ်ရှိ သစ်ပင်တွေကို တိုက်မိခဲ့ပြီး တဖက်ယာဉ်ကြောပေါ်ကို ရောက်ရှိခဲ့ရာ ယာဉ်ပေါ် လိုက်ပါစီးနင်းလာသူ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ ဖြူးအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ယာဉ်မှောက်မှုတွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဟိန်းမင်းလတ်ကို ဘုရားတောင် အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄ -က/ ၃၃၈/ ၃၃၇ နဲ့ အမှုဖွင့်လှစ် အရေးယူထားပါတယ်။

ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှာလည်း ယာဉ်မောင်း မင်းသူကို ယာဉ်(ပ)၁၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇ /၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013