DVB Logo
Home
မြန်မာသတင်း
အရက်မူးသောင်းကျန်းသူ တိုက်ပေါ်ကခုန်ချစဉ် အုတ်တံတိုင်းဖြင့်ဦးခေါင်း တိုက်မိသေဆုံး
DVB
·
May 18, 2017
အရက်မူးသောင်းကျန်းသူ တိုက်ပေါ်ကခုန်ချစဉ် အုတ်တံတိုင်းဖြင့်ဦးခေါင်း တိုက်မိသေဆုံး
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အမျိုးသား ၁ ဦး အရက်မူးပြီး ဒုတိယအလွှာ တိုက်ခန်းပေါ်မှ ခုန်ချစဉ် အုတ်တံတိုင်းနဲ့ တိုက်မိသေဆုံးခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက ပြောပါတယ်။

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်မှာ မေ ၁၈ ရက် မနက်ပိုင်းက အမျိုးသားတဦး အရက်မူးပြီး သောင်းကျန်းနေတဲ့အတွက် တိုက်ခန်းလုံခြုံရေးတာဝန်ခံက တားမြစ်ရာ တိုက်ခန်း ဒုတိယ အလွှာမှ ခုန်ချထွက်ပြေးစဉ် အုတ်တံတိုင်းနဲ့ ဦးခေါင်းတိုက်မိပြီး သေဆုံးခဲ့တာပါ။

မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက “တိုက်ခန်းတာဝန်ခံက တားမြစ်တာကို မလိုက်နာလို့ အခန်းတံခါးဖွင့်ဝင်တဲ့အချိန်မှာ ထွက်ပြေးပြီး တဖက်ခြံမြေကွက်လပ်ထဲ ခုန်ချလိုက်တဲ့အချိန်မှာ အောက်က ခြံစည်းရိုးအုတ်ရိုးနဲ့ ဦးခေါင်း တိုက်မိပြီး သေဆုံးသွားတာ"လို့ ပြောပါတယ်။

တိုက်ပေါ်မှ ခုန်ချပြီး သေဆုံးသွားသူကို တာချီလိတ်နာရေးကူညီမှုအသင်းမှ ပြည်သူ့ ဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးရာ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးခြင်းဖြစ်တယ်လို့ မှုခင်းဆရာဝန်ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး တာချီလိတ်မြို့ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၀/၂၀၁၇ နဲ့ အမှုဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။

သတင်း - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013