DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 18, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲ ၁ တန်ကို ဈေးထပ်ကျသွားပါတယ်။ ဒီကနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၉သိန်း ၇သောင်းကျပ် ဖြစ်ပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကလည်း ဈေးတွေ ဆက်တိုက်ကျနေပြီးတော့ ဒီကနေ့မှာ ၂ သောင်းလောက် ထပ်ကျနေပါတယ်။ လက်ရှိ ပေါက်ဈေးကတော့ ၆သိန်း ၇သောင်းကျပ် ဖြစ်ပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီဈေးတွေကတော့ ၁ ပိဿာကို ၂၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ လက်ကား ကုန်စည်ဒိုင်တွေမှာ ၁ ပိဿာကို ငွေကျပ် ၂၀၀ ဈေးတက်သွားတဲ့အတွက် လက်လီဈေးကွက်မှာတော့ ပိုပြီး သက်ရောက်လာနိုင်ပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၈၀၀ ကနေ ၉၀၀ ကျပ်ထိ ရှိပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ၁ ပိဿာကို ၃ထောင့် ၇ရာ နဲ့ ဈေးတည်ငြိမ်နေပါတယ်။

ဧည့်မထ(ဆန်ကြမ်း)
ဧည့်မထ(ဆန်ကြမ်း)ကတော့ ၁ အိတ်ကို ၂၀၀၀ ကျပ်လောက် ဈေးကျသွားပါတယ်။ ၁ အိတ်ကို ၁သောင်း ၆ထောင်ကျပ်ကနေ ငွေကျပ် ၁သောင်း ၈ထောင်အထိ ပေါက်ဈေး ရှိနေပါတယ်။ ဆန်ကြမ်းကို ပြည်ပနိုင်ငံတွေကို တင်ပို့နေသလိုပဲ ပြည်တွင်းမှာလည်း အထွက်နည်းတဲ့ ဒေသတွေကို တင်ပို့ ရောင်းချနေပါတယ်။

ပဲပုပ်(ရှမ်း)
အောင်ပန်း ကုန်စည်ဒိုင်မှာတော့ ပဲပုပ် ၁ အိတ်ကို ၆သောင်း ၁ထောင်ကျပ် ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်လောက် ဈေးကျသွားပါတယ်။

သကြား (မန္တလေး)
မန္တလေး ကုန်စည်ဒိုင်မှာတော့ သကြား ၁ ပိဿကို ၁၀၀ ကျပ်လောက် ဈေးကျသွားပြီး ငွေကျပ် ၁၂၁၀ ကနေ ၁၅၀၀ ကျပ်လောက် ပေါက်ဈေး ရှိနေပါတယ်။

စိန်တလုံးသရက်
မူဆယ်ကို တင်ပို့နေတဲ့ စိန်တလုံး သရက်သီးက ၁ ခြင်းကို ငွေကျပ် ၁သောင်း ၄ ထောင်ကနေ ၁သောင်း ၇ထောင့် ၃ရာကျပ်အထိ ရှိပြီး ၁ ခြင်းကို ၅၀၀၀ ကျပ်လောက် ဈေးကျသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013