DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့တွင် လျှပ်စစ်မီးလင်းရေးလုပ်ဆောင်နေသူ ကြိုးဆွဲချ သေဆုံး
DVB
·
May 18, 2017
ဝမ်းတွင်းမြို့တွင် လျှပ်စစ်မီးလင်းရေးလုပ်ဆောင်နေသူ ကြိုးဆွဲချ သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ညောင်ပင်သာအုပ်စု၊ မြောက်ဆယ်ရွာမှာ ဒီနေ့ မနက် ၈ နာရီလောက်က ကျေးရွာလျှပ်စစ်မီးလင်းရေးဆောင်ရွက်နေသူ ဦးခင်မောင်ငြိမ်း နွားတင်းကုပ် ထုတ်တန်းမှာ ကြိုးဆွဲချသေဆုံးတယ်လို့ ဝမ်းတွင့်းမြို့မရဲစခန်းက ပြောပါတယ်။

“ဦးခင်မောင်ငြိမ်း နေအိမ်ဝင်းထဲက နွား ထားတဲ့တင်းကုပ် ထုတ်တန်းမှာ ကြိုးဆွဲချသေဆုံးတယ်။ ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာမတွေ့ရဘူး။ တမတ်စေ့လောက်တုတ်တဲ့ ပလတ်စတစ် ကြိုးကိုသုံးထားတာတွေ့တယ်” လို့ စခန်းမှူး ဒုရဲမှူးမြင့်သန်းက ပြောပါတယ်။

ဦးခင်မောင်ငြိမ်း ကြိုးဆွဲချ သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ သားဖြစ်သူက “မြောက်ဆယ်ရွာတောင်ဘက်ပိုင်းက လျှပ်စစ်မီးလင်းနေပြီ။ မြောက်ဘက်ပိုင်းက လျှပ်စစ်မီးမရသေးဘူး။ သူကအဲဒီအပိုင်းမှာ လူကြီးဆိုတော့ မီးမလင်းသေးတာ အပြစ်တင်ခံနေရတာကို စိတ်ညစ်ပြီး ကြိုးဆွဲချသေတဲ့အထိ ဖြစ်သွားတယ်ထင်တယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၅/၂၀၁၇) နဲ့အမှုဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေး ဆောင်ရွက်နေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013