DVB Logo
Home
အာရှဒေသ
အာဖဂန်နစ္စတန်ကို သွား​မယ့်​ ​နေတိုး​ရိက္ခာကား​တန်း​များ​ ပါကစ္စတန်မှာ ​သောင်တင်​နေ
DVB
·
January 19, 2012
အာဖဂန်နစ္စတန်ကို သွား​မယ့်​ ​နေတိုး​ရိက္ခာကား​တန်း​များ​ ပါကစ္စတန်မှာ ​သောင်တင်​နေ
Donate to DVB

အာဖဂန်နစ္စတန်ကို ဝင်​ရောက်မယ့်​ ​နေတိုး​တပ်ဖွဲ့​ရဲ့​ ​ထောက်ပံ့​ရေး​ ယာဉ်တန်း​တွေကို ပါကစ္စတန်နိုင်ငံက ဖြတ်ခွင့်​မပြုဘဲ ပိတ်ဆို့​ထား​တာ ရက်သတ္တပတ် အ​တော်ကြာပါပြီ။ မနှစ်က နိုဝင်ဘာလကုန်မှာ အ​မေရိကန်​လေ​ကြောင်း​တိုက်ခိုက်မှု​ကြောင့်​ အာဖဂန်နယ်စပ်နဲ့​ ကပ်လျက်ရှိတဲ့​ ဂိတ် ၂ ခုမှာ ပါကစ္စတန်စစ်သား​ ၂၄ ဦး​ ​သေဆုံး​ခဲ့​ပါတယ်။ အဲဒါကို အ​ကြောင်း​ပြုပြီး​ ပါကစ္စတန်က ယခု ​နေတိုး​အဖွဲ့​ရဲ့​ ယာဉ်တန်း​တွေ ဖြတ်သန်း​မယ့်​လမ်း​ကြောင်း​ကို ပိတ်ထား​တာဖြစ်ပါတယ်။ ​နေတိုး​တပ်​တွေဟာ အာဖဂန်နစ္စတန်ထဲမှာရှိတဲ့​ သူတို့​တပ်​တွေကို ​ထောက်ပံ့​ဖို့​ ပါကစ္စတန်နိုင်ငံ `ကာရာချိ´ ပင်လယ်ဆိပ်ကမ်း​တဆင့်​ `ခိုင်ဘာ´ ​တောင်ကြား​လမ်း​ကို ဖြတ်ပြီး​ ကုန်း​လမ်း​က​နေ သွား​ရပါတယ်။ အခု ကရာချိမြို့​မှာ အာဖဂန်နစ္စတန်ထဲကို ဝင်ခွင့်​ရဖို့​ ​စောင့်​ဆိုင်း​နေရတဲ့​ အ​မေရိကန်တပ်​တွေအ​ကြောင်း​ သတင်း​ထောက် ‘မူဒါဆာ ရှား​’ (Mudassar Shah)က သတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​ကစီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013