ချဲလ်ဆီးအသင်းဟာ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာ ပေါင် ၂၆၂ သန်းအထိ စံချိန်တင် အရှုံးပေါ်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အများဆုံး အရှုံးပေါ်မှု ဖြစ်လာပါတယ်။
၂၀၁၁ ခုနှစ်က မန်စီးတီးရဲ့ အရှုံးစံချိန် ပေါင် ၁၉၇ ဒသမ ၅ သန်းကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။
အေးဂျင့်ခ ဒဏ်ကြေးတွေ ပေးဆောင်ရတာနဲ့ ကစားသမား အပြောင်းအရွှေ့ အရှုံးအမြတ်တွေကြောင့် အခုလို ဖြစ်ခဲ့ရတာပါ။
ဒါပေမဲ့ ကလပ်ဘက်ကတော့ ဘဏ္ဍာရေးစည်းမျဉ်း (PSR) ကို ချိုးဖောက်ခြင်းမရှိဘူးလို့ အခိုင်အမာ ပြောကြားထားပြီး လာမဲ့နှစ် ချန်ပီယံလိဂ်ဝင်ငွေတွေနဲ့ အခြေအနေ ပြန်ကောင်းလာမယ်လို့ မျှော်လင့်နေပါတယ်။










