DVB Logo
Home
မြန်မာသတင်း
အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး မြန်မာကာချုပ် တက်ရောက် (ဓာတ်ပုံ)
DVB
·
May 18, 2017
Donate to DVB

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပတဲ့  (၁၄)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးမှာ ပါဝင်တက်ရောက်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အစည်းအဝေးတက်လာတဲ့  ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ အင်ဒိုနီးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေနဲ့လည်း နိုင်ငံအလိုက်သီးခြား စီတွေ့ဆုံပြီး နှစ်နိုင်ငံချင်း ချစ်ကြည်ရေး၊ ကာကွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လူမှုကွန်ရက်သတင်းမှာဖော်ပြပါတယ်။

မြန်မာတပ်မတော်အကြီးအကဲဟာ ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဒူရာဒိုအမ်အန်အိုနဲ့ ဇနီးတို့က တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုည စာစားပွဲကိုလည်း တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ဖိလစ်ပိုင်မျိုးချစ်သူရဲကောင်း ဒေါက်တာ ဟိုဆေးရီဇာ အထိမ်းအမှတ်ပန်းခြံ၊  Malacañang ပြတိုက်၊ Fort Santiago ခံတပ်ဟောင်း နေရာတွေကို လည်းသွားရောက်လေ့လာခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ - Senior General Min Aung Hlaing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013