DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဒီမိုကရေစီအခွင့်အရေးနှင့် လူမှုဘဝမြင့်တင်ရန်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း (ရုပ်သံ)
DVB
·
May 18, 2017
ပြည်သူ့ဒီမိုကရေစီအခွင့်အရေးနှင့် လူမှုဘဝမြင့်တင်ရန်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း (ရုပ်သံ)
Donate to DVB

နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို အဓိကထားပြီး ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ လူမှုဘဝကို မြှင့်တင်ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီနေ့ ပြန်လည်စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ  လွှတ်တော်အမတ်တွေကို တိုက်တွန်းပါတယ်။

ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က“ကမ္ဘာ့နိုင်ငံများ အားလုံးဟာ၊ ၄င်းတို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို အဓိက ဦးစားပေး ဆောင်ရွက်ကြတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့လည်း ကမ္ဘာ့ အပြောင်းအလဲမှာ လိုက်ပါပြောင်းလဲတိုးတက်နိုင်တဲ့ နိုင်ငံအဖြစ် ဖန်တီးပုံဖော် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များပီသစွာ နိုင်ငံသူ နိုင်ငံသားများရဲ့ ဒီမိုကရေစီ အခွင့်အရေးများရရှိပြီး လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်သွားကြပါစို့”လို့ပြောပါတယ်။

နိုင်ငံရေးမူဝါဒ၊ စီးပွားရေးစနစ်နဲ့ လူမှုရေးဘဝတွေ ပြောင်းလဲတဲ့အခါ ဥပဒေတွေကိုလည်း ခေတ်ကာလနဲ့ လိုက်လျောညီတွေ ပြောင်းလဲပေးရမယ်လို့လည်း  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆိုပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပထမဆုံးလွှတ်တော် တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကတော့ ပြည်သူတွေရဲ့ လူမှုဘဝနဲ့ စီးပွားရေးတိုးတက်ကောင်းမွန်လာဖို့အတွက်ဆိုရင် အစိုးရအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဘဏ္ဍာငွေခွဲဝေပေးမှု အခုထက် တိုးမြှင့်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

“ဘတ်ဂျက်မှာဆိုရင် ပြည်ထောင်စုကပဲကိုင်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုကြ ၁၀ ရာခိုင်နှုန်းလောက်ပဲ ချထားပေးတယ်။ ကိုးဆယ် ကိုးဆယ် စွန်းစွန်းလောက်ကို ပြည်ထောင်စု ဘတ်ဂျက်အဖြစ်သုံးတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘတ်ဂျက်ကို ၁၀ ရာခိုင်နှုန်းအောက် ဆိုတော့ လက်တွေ့အကောင်အထည်ဖော်နေရတဲ့သူတွေက ဘယ်လိုလုပ်ပြီးတော့ ဒီဒေသတွေ ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမလဲ။ အဲဒါကြောင့် ငါးဆယ်၊ ငါးဆယ် ဖြစ်စေချင်တယ်။”

မေ ၁၈ ရက် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာတော့ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၉ ဦးနဲ့  အစားထိုးအသစ်ခန့်အပ်လိုက်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦးလည်း တက်ရောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013