DVB Logo
Home
မြန်မာသတင်း
ဆရာဝန် ၁၇၀၀ ဦး ထပ်ခန့်ဖို့ အစိုးရကို တင်ပြထား
DVB
·
May 18, 2017
ဆရာဝန် ၁၇၀၀ ဦး ထပ်ခန့်ဖို့ အစိုးရကို တင်ပြထား
Donate to DVB

ဆရာဝန် ၁၇၀၀ ဦး ထပ်ခန့်ဖို့ အစိုးရကို တင်ပြထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မေလ ၁၈ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်က ဒေါ်ထုမေမေးတဲ့ ရမ်းဗြဲမြို့နယ် စ ကုတိုက်နယ်ဆေးရုံမှာ လစ်လပ်နေတဲ့ ဆရာဝန်နေရာအတွက် အမြဲတမ်းတာဝန်ထမ်းဆောင်ဖို့ ဆရာဝန်တဦး အမြန်ဆုံးခန့်ထားပေးဖို့ အစီအစဉ်ရှိ မရှိမေးခွန်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေဆိုရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အခုလို ထည့်သွင်းပြောဆိုတာပါ။

“ဆရာဝန် ၁၇၀၀ ခန့်ဖို့အတွက် အဆင့်ဆင့်လုပ်တဲ့အခါမှာ နောက်ဆုံးအဆင့် အစိုးရအဖွဲ့ဆီ ရောက်နေပါပြီ။ ၁၂ ရက်နေ့က တင်ထားပါတယ်။ ဒါကျမယ်ဆိုရင် နောက်ထပ် ဆရာဝန် ၁၇၀၀ ခန့်လို့ ရပါမယ် ” လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆရာဝန်ပြတ်လပ်မှုကို လုံးဝလက်မခံပါဘဲ ခက်ခဲတဲ့ဒေသ တွေမှာ တာဝန်ချထားတဲ့ ဆရာဝန်တွေအနေနဲ့ မသွားဘဲနဲ့ အလုပ်ထွက်သွားတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

“ဒီကိစ္စတွေ ပျောက်ဖို့ဆိုရင် အိမ်တွေ ဆောက်ပေးဖို့လိုတယ်။ သူတို့ ဘွဲ့လွန်သင်တန်းတက်တဲ့အခါမှာ အမှတ်ပိုပေးတာ၊ နောက်သူတို့ကို တနှစ်ဆို တနှစ်အတိအကျ ချက်ချင်းပြန်ခေါ်ပါတယ်။ ဒီကိစ္စကို တချို့ ကပြောပါတယ် လျစ်လျှုရှုတယ်။ ဒါမျိုးလျစ်လျှုရှုမခံတော့ ပါဘူး။ တနှစ်ပြီးရင် တနှစ် ပြန်ခေါ်မယ်။ နောက်တယောက်သွားမယ်ဆိုလို့ရှိရင် လိုလိုချင်ချင်နဲ့ သွားမှာဖြစ်ပါတယ်။ အဲလို ခက်ခဲတဲ့နေရာမှာ တနှစ်ထမ်းဆောင်ပြီးလို့ရှိရင်လည်း သူတို့ကြိုက်တဲ့နေရာ သုံးခု ဦးစားပေးတောင်းပါတယ်။ အဲဒီထဲက ၉၅ ရာခိုင်နှုန်းသော ကျောင်းတွေမှာ သူတို့တောင်းတဲ့ သုံးခုထဲက တစ်ခုကို အမြဲပေးပါတယ်။ ဒါမျိုးအမြဲပေးပါတယ်။ ဒါမှသာ ဆရာဝန်တွေ သွားမယ်။ ဒီလိုမှ မဟုတ်ရင် ဆရာဝန်တွေ အလုပ်ထွက်သွားပါတယ်။ ဒီကိစ္စမှာ အဆင်အပြေဆုံးနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်” လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဝန်ကြီးအနေနဲ့ လူဦးရေ လေးထောင်၊ ငါးထောင်လောက်ရှိတဲ့နေရာမှာ ဆရာဝန်တဦး ခန့်ထားနိုင်တဲ့ အင်အား မရှိသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013