DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် ၅ ရက်အတွင်း မြန်မာအလုပ်သမား ၃၀၀ ကျော် အဖမ်းခံရ
DVB
·
May 18, 2017
မဲဆောက်တွင် ၅ ရက်အတွင်း မြန်မာအလုပ်သမား ၃၀၀ ကျော် အဖမ်းခံရ
1 / 3
Donate to DVB

 

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဒီလ ၁၄ ရက်နေ့ကစပြီး ကနေ့ထိ နေ့စဉ်ရက်ဆက် တရားမ၀င်အလုပ်သမား ဖမ်းဆီးနှိမ်နင်းရေးတွေ ဆောင်ရွက်နေတာမှာ အလုပ်သမားပေါင်း ၃၀၀ ကျော် အဖမ်းခံရပြီလို့ အလုပ်သမားကူညီရေးအဖွဲ့က ပြောပါတယ်။

ဒီတကြိမ်ဖမ်းဆီးမှုမှာ မြို့တွင်းစက်ရုံတွေမှာ မဟုတ်ဘဲ မဲဆောက်မြို့ပတ်လည် ဆင်ခြေဖုံး ရပ်ကွက်ရှိ တနိုင်တပိုင်အလုပ်ရုံတွေ၊ အလုပ်သမားတန်းလျားတွေကို ရှောင်တခင် ၀င်ရောက် ဖမ်းဆီးနေတာလို့  ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“၁၄ ရက်နေ့ကစဖမ်းတာ ဒီနေ့ထိပဲ။ ဒီနေ့ဆိုရင် သောင်ရင်းမြစ်ကမ်းနားတလျှောက်မှာရှိတဲ့ ရွာတွေ၊ မယ်ဆောက်ပြင်ပမှာရှိတဲ့ မယ်ပတိုက်နယ်၊ မဲ့ကာဆာတိုက်နယ် အဲဘက်တွေမှာ ၀င်တာ ပေါ့ဗျာ။ စိုက်ပျိုးရေးခြံတွေ၊ မွေးမြူရေးခြံတွေ၊ အိမ်တွင်းမှုလုပ်ငန်း၊ တနိုင်တပိုင်လုပ်ငန်းတွေ ၀င်စစ်တယ်။ လုပ်ငန်းလိုင်စင်မှတ်ပုံမတင်တဲ့ အလုပ်ရုံတွေပေါ့။ အလုပ်ရုံက မှတ်ပုံမတင်တော့ ၀င်လုပ်တဲ့ အလုပ်သမားတွေလည်း အထောက်အထားမရှိတာ အများစုပေါ့။  ဒီနေ့ မနက်ပိုင်းထိ ၅၀ လောက်ပါသွားတယ်၊ သိရသလောက်ပေါ့။ ဒီနေ့က ၅ ရက်မြောက်၊ ပြီးခဲ့တဲ့ ၄ ရက်ကတော့ အားလုံးပေါင်း ၃၀၀ ကျော်တယ် အဖမ်းခံရတာ။”

   အဖမ်းခံရတဲ့ အလုပ်သမားတွေကို မဲဆောက်မြို့နယ်တရားရုံးကို ပို့ဆောင်ပြီး အလုပ်သမား ဥပဒေနဲ့ အညီမဆောင်ရွက်တဲ့အလုပ်သမားတွေကို အမှုအလိုက် ဒဏ်ငွေ ဘတ်တစ်ထောင်မှ သုံးထောင်ထိ ပေးဆောင်စေကာ လုံးဝအထောက်အထားမရှိတဲ့သူတွေကိုတော့ ထောင်ချပြီး နယ်စပ်ပြန်ပို့လေ့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

    ဒီလို ဆက်တိုက်စစ်ဆေးဖမ်းဆီးနေတဲ့ အကြောင်းရင်းကို သေချာမသိရပေမယ့်လည်း ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကတော့ သူနဲ့ အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်းတို့ဟာ မဲဆောက်နဲ့ ၄၄ ကီလိုအကွာ ဘန်ကောက်သွားလမ်းပေါ်ရှိ ဟွေ့လျောင်းဦး စစ်ဆေးရေးဂိတ်မှာ ရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထားရှိပါလျက် ငွေတောင်းနေတဲ့ကိစ္စ၊ စာရွက်စာတမ်းတခု လိုတာကိုပဲ ဘတ်ငွေ ၃ ထောင်ကနေ ၅ ထောင်ထိ ကောက်ခံနေတဲ့ကိစ္စ ကန့်ကွက်ပြီး  နောက်နောင် မပြုလုပ်ဖို့ သွားရောက်တိုင်တန်းခဲ့ကြောင်း၊ အဲဒီနောက်ပိုင်းမှ ခုလိုဆက်တိုက်ဖမ်း ဆီးမှုရှိလာတာဟာ ထိုင်းရဲတွေက  နိုင်ရာစားသဘောမျိုး လုပ်လာတယ်လို့ သံသယရှိကြောင်း၊ အလုပ်ရှင်တွေကိုတော့ ဥပဒေအတိုင်းထိထိရောက်ရောက် အရေးယူတာမျိုးမတွေ့ရဘူးလို့ သူက ဆက်ပြောပါတယ်။

မဲဆောက်မြို့မှာ မြန်မာအလုပ်သမားပေါင်း  ၂ သိန်းခွဲလောက်ရှိပြီး ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေးရုံးမှာ တရားဝင်မှတ်ပုံတင်ထားတဲ့စာရင်းအရတော့ ၈ သောင်းကျော်သာ ရှိတယ် လို့ ဦးမိုးကြိုးက ပြောသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013