DVB Logo
Home
အာရှဒေသ
ဖိလစ်ပိုင်မှာ မီး​လောင်ထား​သော ခရစ်​တော်ရုပ်တုကို ဝတ်ပြုဖို့​ လူ​ထောင်​ပေါင်း​များ​စွာ စု​ဝေး
DVB
·
January 17, 2012
ဖိလစ်ပိုင်မှာ မီး​လောင်ထား​သော ခရစ်​တော်ရုပ်တုကို ဝတ်ပြုဖို့​ လူ​ထောင်​ပေါင်း​များ​စွာ စု​ဝေး
Donate to DVB

ယခုရက်သတ္တပတ် ဖိလစ်ပိုင်နိုင်ငံက Black Nazaerne လို့​ လူသိများ​တဲ့​ ​ယေရှုခရစ်​တော်ရဲ့​ ရုပ်တုကို ဝတ်ပြုဖို့​ မနီလာမြို့​ လမ်း​တွေ​ပေါ်မှာ လူ​တွေ ​ထောင်​သောင်း​ချီ စု​ဝေး​ရောက်ရှိခဲ့​ကြပါတယ်။ အ​စောပိုင်း​က​တော့​ အစိုး​ရက နှစ်စဉ်ဘာသာ​ရေး​ပွဲ​တော်ကို ဖျက်ဆီး​မယ့်​ အကြမ်း​ဖက်သမား​တွေကို သတိထား​ဖို့​ ​ပြောဆိုခဲ့​ပေမဲ့​၊​ အ​နှောက်အယှက်မရှိဘဲ စည်ကား​သိုက်မြိုက်စွာ ကျင်း​ပနိုင်ခဲ့​ပါတယ်။ အဲဒီ ရာစုနှစ်အ​တော်ကြာပြီဖြစ်တဲ့​ ​ယေရှုခရစ်​တော် ရုပ်တုက ​ရောဂါဘယ​တွေ ကုစား​ပေး​နိုင်တဲ့​ တန်ခိုး​စွမ်း​အား​ ရှိတယ်လို့​ လူ​တွေက ယုံကြည်ကြပါတယ်။ ရုပ်တုရဲ့​ ထူး​ခြား​ချက်က အမည်း​ရောင်ဖြစ်​နေတာပါ။ ရုပ်တုကို ဖိလစ်ပိုင် နိုင်ငံဆီ သယ်လာစဉ် သ​င်္ဘောမီး​လောင်ခဲ့​လို့​ အမည်း​ရောင် ဖြစ်​နေခဲ့​တာပါ။ ဒီအ​ကြောင်း​ သတင်း​ထောက် ‘မဒွန်း​နား​ ဗီရိုလာ’(Madonna T. Virola) က မနီလာမြို့​က​နေ သတင်း​ပေး​ပို့​ထား​တာပါ။ ဒီဘာသာပြနသတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ် တင်ဆက်ထား​တာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013