DVB Logo
Home
Lead Story
တဲစုတ်လေးထဲက မြေကြီးပေါ်မှာ သင်ကြားနေရတဲ့ တောင်ပေါ်ဒေသ ပညာရေး
DVB
·
May 18, 2017
တဲစုတ်လေးထဲက မြေကြီးပေါ်မှာ သင်ကြားနေရတဲ့ တောင်ပေါ်ဒေသ ပညာရေး
1 / 3
Donate to DVB

ဆရာမ ၂ ယောက်၊ ကျောင်းသားပေါင်း ၅ဝ ကျော်နဲ့ ထရံမိုးထားပြီး ဘေးအကာအရံ မရှိ၊ ထိုင်ခုံ မရှိ၊ ကျောက်သင်ပုန်း တလုံး၊ ၁၆ ပေဝန်းကျင်ခန့် အခန်းမှာ မြေကြီးပေါ်ထိုင်ပြီး စာသင်ကျောင်း တက်ဖူးပါသလား။

ကျောင်းသား ဆုပေးပွဲ ဒါမှမဟုတ် ကျောင်းသားများ စုံညီပွဲ၊ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းကြားမှာရော အဲဒီလိုကျောင်းမျိုး ဘယ်သူများ တက်ဖူးကြပါသလဲ။

စာရေးသူတောင်မှ ဖွံ့ဖြိုးမှု အားနည်းခဲ့တဲ့ တောင်ပေါ်ဒေသ ကျေးရွာကနေ မွေးဖွားလာခဲ့ပေမယ့် ဒီလောက်ထိ ဆိုးဝါးလှတဲ့ စာသင်ကျောင်းမှာ မသင်ခဲ့ရဖူးပါ။

စာရေးသူ ဘဝမှာ တခါသာ မြင်ဖူးတဲ့ စာသင်ကျောင်းလေး တကျောင်းသာ ဖြစ်ပါတယ်။

18447229_309499649472836_4410902168781567169_nခရီးအကွာအဝေးက ၈၃ မိုင်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးကနေ ထိုခရီးကို စတင်ထွက်လာခဲ့ပါတယ်။ မိုးတွေ တဖွဲဖွဲကျလို့ ကားထဲက အဲကွန်းပိတ်ထားပြီး အနွေးထည်လေးနဲ့ ကွေးနေရတယ်။ လမ်းကကျဉ်းပြီး တလမ်းမောင်းလောက်သာ ရှိတဲ့အတွက် တစီးနဲ့တစီး ရှောင်ရင်း လမ်းဘေးထိ ဖယ်ပေးရတယ်။ မိုးရွာရင် လမ်းချော်ပြီး ကားတွေ မကြာခဏ မှောက်နေတဲ့အတွက် ကားကို ညင်ညင်သာသာလေး မောင်းသွားရပါတယ်။ ဒီလိုနဲ့ တရွာပြီး တရွာ ကျော်လာတယ်။ အချိန် ၂ နာရီကျော်တော့ ရာသီဥတုကလည်း သာယာစပြုလာပြီ။ မှန်ကို ဖွင့်ပြီး လေညင်းလေးတွေ ခံစားကြည့်ရင်းနဲ့ သီချင်းလေး နားထောင်ရင်း ခရီးကို ဆက်နေတယ်။

ခုသွားရမယ့် ခရီးက စာသင်ကျောင်း မရှိတဲ့ ကျေးရွာတရွာ။ အလှူရှင်ကတော့ ရန်ကုန်က မသီတာအုန်း ဆိုသည့် အလှူ့ဒါယိကာမ။ ကျောင်းလှူရန် စာသင်ကျောင်းအတွက် လိုအပ်တာတွေကို ကျနော်တို့ သွားရောက်ကြည့်ရှုပေးဖို့ ဖြစ်ပါတယ်။ သွားရင်း ခရီးက တဝက်ကျိုး ကျော်နေပြီ။ တောင်ကုန်းပေါ် တက်ရတဲ့အတွက် လမ်းကလည်း ကွေးကောက်လွန်းလှပါတယ်။ ကားအရှိန်လွန်လို့ တချက်မှားသွားရင်ဖြင့် တောင်အောက်ထိ ရောက်သွားနိုင်ပါတယ်။ တောင်ကုန်းတွေ ကျော်လို့ ထင်းရှူးပင်တွေ စတင်မြင်နေရပါပြီ။

လမ်းဘေးမှာ ထင်းရှူးကို ရှေ့မှာချပြီး ထိုင်နေတဲ့ လူတစ်ယောက်စ နှစ်ယောက်စ စတင်မြင်လာပါပြီ။ သူတို့ ဘာများလုပ်နေကြပါလိမ့်။ အကျိုးအကြောင်း သိရအောင်လို့ ကားကို လမ်းဘေး ခဏရပ်ပြီး စပ်စုမိပါတယ်။ ထင်းရှူး ၂ စည်း၊ ၃ စည်းနဲ့ ရှေ့မှာချပြီး ဘာလုပ်နေလဲပေါ့။

အဲဒီနေရာမှာ သားအဖ ၂ ယောက်။ ရှေ့တွင် ထင်းရှူးစည်းချပြီး ထိုင်နေပါတယ်။ အဖေကတော့ အသက် ၄၀ ကျော်ဝန်းကျင်၊ ကလေးကတော့ ၁၀ နှစ်ဝန်းကျင်။ လူမျိုးကတော့ ပလောင်လူမျိုး။ သူတို့က ထင်းရှူးခုတ်ပြီး လမ်းဘေးထိုင်ပြီး ကားသမားတွေဆီ ရောင်းနေခြင်းပဲ ဖြစ်ပါတယ်။ အချိန်အားဖြင့် ၁၂ နာရီကျော်ပြီမို့ ထမင်းရော စားပြီးပြီလား မေးတော့ စားပြီးသွားပြီတဲ့။ ဘာဟင်းစားလဲ မေးတော့ ဆားနဲ့ စားတယ်ဆိုပြီး ပြုံးပြုံးလေးနဲ့ ဖြေပါတယ်။ ထမင်းကိုလည်း ပြည်အလိုက်သာ ဝယ်ပြီး ၁ ပြည်ကို ၁၅၀၀ ကျပ်လို့ သူက ရှင်းပြတယ်။

ထင်းရှူးကလည်း မရောင်းတတ်။ ၁ စည်း ဘယ်လောက်လဲ မေးတော့ ၃ ထောင်တဲ့။ ဈေးမကြီးဘူးလား ပြောတော့ ‘မဟုတ်ဘူး၊ ၂ ထောင်ထဲပါ’လို့ ကလေးအဖေက ချက်ချင်း မျက်နှာငယ်လေးနဲ့ ပြောရှာပါတယ်။ ကလေးကလည်း ၁၀ နှစ်ဝန်းကျင်ခန့် ရှိပေမယ့် ကျောင်းကတော့ သူငယ်တန်း တက်နေတုန်းလို့ ပြောပါတယ်။ စာရေးသူ ဘဝမှာ တခါသာ ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်။ ဘဝတွေကလည်း ထမင်းကိုတောင် ဆားနဲ့စားရတဲ့ဘဝ ဆိုးဝါးလွန်းပါလားဆိုပြီး မျက်ရည်မထွက်အောင် ထိန်းပြီး ခရီးကို ဆက်ထွက်ပါတယ်။

နောက်ထပ် လမ်းခရီးတခု အရောက်မှာလည်း အသက် ၄၀ ကျော်အရွယ်ရှိတဲ့ အန်တီ ၅ ယောက်ဟာ ဆန်ကို ကျောပိုးပြီး မိုင်းရယ်မြို့ကနေ သူတို့ရွာကို ကားလမ်းမဘေးကြီးကနေ ခြေကျင် လျှောက်လာကြပါတယ်။ ကားပေါ်မှာ ပါလာတဲ့ မုန့်တွေကို သူတို့ဝေပေးဖို့ ကားကို ရပ်ပြီး စကားပြောဖြစ်ခဲ့ပါတယ်။ သူတို့ဘဝကလည်း မထူးခြားနား သူတို့ကလေးတွေကတော့ ရွာမှာ ကျန်နေခဲ့တယ်။ သူတို့ကတော့ ဆန် ၃၊ ၄ ပြည်ဝယ်ဖို့ တနေ့လုံး တောင်ပေါ်ကနေ မိုင်းရယ်အထိ ဆင်းဝယ်ရတာတဲ့။ ယောက်ျားဖြစ်သူတွေကလည်း ဘိန်းစားသမားဘဝမို့ သုံးစားမရတော့ပါဘူးလို့ ပြောပါတယ်။ မုန့်ဝေပေးပြီးတော့ သူတို့ကလည်း မောမောနဲ့ ကျေးဇူးတင်ကြောင်း ပြောပြီး ကျနော်တို့ ခရီးကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

18485537_309499549472846_8653482877748596241_nအချိန်အားဖြင့် ညနေ ၃ နာရီ။ တန့်ယန်းမြို့နယ် မိုင်းတွမ်အုပ်စုကို ရောက်လာပါတယ်။ အဲဒီမိုင်းတွမ်ကနေ ကျောင်းဆောက်လုပ်မယ့်နေရာကို သွားဖို့ ခရီးကြမ်း ထပ်သွားရဦးမှာမို့ ကားပေါ်မှာ သေချာကိုင်ထားဖို့၊ အဲဒီရွာကို လိုက်ပို့ပေးမယ်လို့ ကိုမိုင်းမိုင်းက ပြောပါတယ်။

အဲဒီမိုင်းတွမ်လမ်းခွဲကနေ ကျောင်းဖွင့်မယ့်ရွာကို ခရီးစတင်ပါတယ်။ ခရီးစဉ်ကတော့ ၂ မိုင်ကျော်ကျော်။ လမ်းခရီးက ဆိုးဝါးလွန်းတဲ့အတွက် ၁ နာရီကျော်ကျော် မောင်းရမယ်။ ပါဂျဲရိုး၊ sufe တို့လို မြင့်တဲ့ကား မဟုတ်ရင် သာမန်ကားတွေ တက်ရောက်နိုင်မည် မဟုတ်။

ခရီးကို ထပ်မံစတင်ပါတယ်။ ဖုန်တွေလည်း တထောင်းထောင်း။ ကားနောက်ကို ပြန်ကြည့်ရင် လမ်းတောင် မမြင်ရတော့ပါ။ တောင်ပေါ်လမ်း စတင်ပါပြီ။ ချိုင့်တွေလည်း ပေါ၊ လမ်းက မြေကြီးလမ်း။ တခါ တခါ ချိုင့်အကြီးကြီး မမြင်မိလို့ သွားမိရင် ကားပေါ်က လက်ကိုင်နဲ့ ခေါင်းကို ဆောင့်မိတယ်။ တခါဆောင့်မိလို့လည် ခေါင်းမှာ ပေါက်တဲ့ ဘုဟာ အမှတ်တရ ဖြစ်ခဲ့ပါတယ်။

လက်ဖက်ပင်တွေ၊ လယ်ခင်းတွေ တွေ့ရလို့လည်း မကြည့်အား။ လမ်းကိုသာ အာရုံစိုက်နေရတယ်။ ဘယ်နေရာမှာ ဘယ်လို ကိုင်ရမလဲ၊ ဘယ်လို ထိန်းမလဲ၊ ခေါင်းထဲမှာ အဲဒီအတွကမထွက် တဖြည်းဖြည်းရွာကို လှမ်းမြင်နေရပါပြီ။ ရွာကလည်း တကယ်တောင်ပေါ်ထိပ်မှာ။ ကားတက်လို့ရပါမလား စိုးရိမ်စိတ်ကလည်း ပေါ်လာတယ်။ တက်ရင်းတက်ရင်း လက်ဖက်ခူးပြန်လာတဲ့ ရွာသားတွေ တွေ့နေရပါပြီိ။

ကလေးတွေရော ဟိုးပေါက်စနတွေရော လူကြီးတွေရော စုံလို့ သူတို့ခဗျား ကားမမြင်ဖူလို့ ထင်ပါရဲ့။ ကြည့်နေလိုက် ကြတာ။ ကားပေါ်ပါလာတဲ့ ချိုချဉ်တွေ မုန့်တွေကို ဝေပေးလို့ သူ့တို့ခဗျားလည်း ဝမ်းသာမဆုံးပျော်နေလိုက် ကြတယ်။ စိတ်ထဲလည်း ကြည့်နူးမိပါရဲ့။ တက်ရင်း နွားလှည်းနဲ့ သွားတိုးမိတော့လည်း တစ်လမ်းမောင်းဆိုတော့ သူနောက်မှာပဲ မျောလိုက်နေရတယ်။

သွားရင်း ရွာထဲ တောင်ပေါ်လက်ဖက်ခြံထဲ တက်ရင်း ရွာထဲစဝင်ပါပြီ။ ထိုရွာနာမည်က ဖာလိုင်းကျေးရွာ။ တန့်ယန်းမြို့နယ် မိုင်းတွမ်အုပ်စု။ ရွာထဲရောက်တော့ ကလေးလူငယ် လူကြီးတွေလည်း ပြေးပြီး စုနေကြပါတယ်။ ကားလာရင် မုန့်တွေဝေလိမ့်မယ်လို့ သူတို့ ကြိုတင်တွက်ထားတဲ့အတွက် လာရောက်စုပြုံတာလို့ လိုက်ပို့ပေးတဲ့ ကိုမိုင်းမိုင်းက ပြုံးရင်းပြောပြတယ်။ ရွာရဲ့တည်ဆောက်ပုံကတော့ အံမခန်းပဲ။ တောင်ဇောင်းမှာ တကယ့်တောင်ဇောင်း။ ကားကိုရပ်လိုက်ပြီးသွားတဲ့ အချိန်မှာ ရွာသူကြီးက ကလေးတွေ စာသင်ကျောင်းနားလေးမှာ သွားစုကြပါလို့ ပလောင်လိုအော်တော့ ကလေးတွေလည်း အပြေးအလွှား ပြေးသွားကြတယ်။

ကားရပ်တဲ့နေရာနဲ့ စာသင်ကျောင်းက ဟိုဘက်တောင် ဒီဘက်တောင် မျက်နှာချင်းဆိုင် မြင်နေရတယ်။ ဇရပ်စုတ်လေးတစ်ခုနဲ့ ကျောင်းသစ်ဆောက်ရန် မြေတွေ ထွန်ထားသည့်နေရာ။ အချိန်လည်း မှောင်နေပြီမို့ အချိန်မဆွဲတော့ဘဲ စာသင်ကျောင်းဆောက်လုပ်မည့်နေရာကို သွားကြည့်ပါတယ်။ ကလေးတွေကို မုန့်၊ ချိုချဉ်ဝေကြွေးရင်းနဲ့ပေါ။ ထိုနေရာမှာ ဇရပ်စုတ်တစ်ခု အကာမပါ အမိုးထရံမိုးတွေ ခုံမရှိ။ အကျယ်အဝန်းအားဖြင့် ၁၆ပေခန့် စာသင်ပုန်းလည်း မတွေ့။ စပ်စုချင်လို့ ဒါဘာလဲလို့ မေးလိုက်တော့ မနှစ်ကတက်တဲ့ စာသင်ကျောင်းတဲ့။ အမလေး…… ကျွန်တော်တို့ အဖွဲ့သားအားလုံး အံသြသွားတယ်။ အော်…သူတို့ပညာရေးကလည်း မလွယ်ပါလား။ ကျောင်းသားပေါင်း ၅၀ကျော်နဲ့ ဒီစာသင်ကျောင်း ဘယ်လိုများ သင်နေကြပါလိမ့် စဉ်းစားလို့မထွက်။

အဲရွာက ဆရာမနှစ်ယောက်ရှိပါတယ်။ အဲဆရာမ၂ယောက်ကလည်း အစိုးရက ချပေးထားသည့် ဆရာမမဟုတ်။ တအာင်းသံဃာတွေဦးစီးပြီး ၉တန်းအောင်တဲ့ လူငယ်တွေကို သင်တန်းပေး မုန့်ဖိုးပေးပြီး လုပ်ခိုင်းထားသည့် ဆရာမ။ ကျောင်းဖွင့်ဖူးတာ တစ်နှစ်ပဲ ရှိသေးတဲ့အတွက် ကလေးတွေအားလုံး သူငယ်တန်းပဲဖြစ်နေပါတယ်။

ကလေးတွေကမှု စာသင်ကျောင်းသစ်ရတော့မှာမို့ ဝမ်းသာပိတိအပြုံးတွေ မြင်နေရတယ်။ သို့သော် ပညာရေးမှာ သူတို့က သိပ်စိတ်ဝင်စားကြတာမဟုတ်ပါ။ အချို့ကမူ သူငယ်တန်းပြီးတော့လည်း အေဘီစီ မတက်ကြသေးပါ။ ကလေးမိဘတွေလည်း ပညာရေးကို လိုလားပုံမပေါ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးထက် စားဝတ်နေရေး ဟာ သူတို့အတွက် ပိုအရေးကြီးတယ်လို့ ခံယူထားပုံရပါတယ်။

အဲဖာလိုင်းရွာကလည်း အလွန်ဆင်းရဲကြတယ်။ မည်သူကမှလည်း အဲရွာသားတွေကို အယုံအကြည်မရှိ။ ကျောင်းဆောက်ဖို့ လက်သမားတွေကို သွားခေါ်ခိုင်းတာတောင် လက်သမားတွေက အဲရွာဆို လာမလုပ်ပေးဖူးလို့ ပြောပါတယ်။ ရွာသားတွေလည်း ဘာပညာမှ မတက်။ ပလောင်စကားနဲ့ ရှမ်းမပီတပီကလွဲပြီး ဘာစကားမှ မပြောတတ်။ လက်ဖက်ခူးမယ်။ လက်ဖက်ရာသီပြီးရင် ဘိန်းစိုက်မယ်။ ဒါဟာ သူတို့ရဲ့ နေ့စဉ်ဘဝလို့ ပြောပါတယ်။

ဘိန်းချိန်ရောက်မှ လာရင် ဘိန်းတွေကို လက်ဆောင်အဖြစ်ထည့်ပေးလို့ရတယ်လို့ အဘိုးကြီး တစ်ယောက်က ဝမ်းသာအားရ ကျွန်တော်တို့ကို ပြောနေပါတယ်။ ဒီအချိန်က လက်ဆောင်ပေးစရာမရှိလို့ ဘိန်းစိုက်ချိန်မှာ လာရောက်ဖို့ သူက ဖိတ်ခေါ်နေပါတယ်။ ဘိန်းစိုက်ဖို့ အရင်းအနှီး ၅သိန်း ထည့်ပေးရင် အားလုံးလုပ်ပေးပြီး တော့ ၁ဝသိန်း ပြန်ပေးမယ်လို့ သူက ပြောပါတယ်။ ဘိန်းစိုက်ကြသော်လည်း ပညာမတက်တော့ ချမ်းသာဖို့ မပြောနဲ့ ထမင်း နပ်မှန်အောင်သာ ကြိုးစားရှာနေရပါတယ်။

ရွာက သေးသလောက် ကလေးတွေကလည်း ပေါမှပေါ။ အလုပ်မရှိလို့ ကလေးတွေယူကြတာလို့ ရွာသားတွေကတော့ ဟာသဖောက်ပြီးပြောကြတယ်။ ဒါသူတို့ အပြစ်မဟုတ်။ သို့သော် ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်စရာတော့ အမှန်ပါပဲ။ တစ်ချိန်ချိန်မှာ ဘိန်းစိုက်တဲ့လူတွေ ဖြစ်လာနိုင်တယ်။ ဘိန်းစားတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒီလိုကျေးရွာတွေကို ပညာရေးကို မြှင့်တင်ပေးဖို့ ကျွန်တော်တို့ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ အဲလိုကျေးရွာတွေ ကျွန်တော်တို့ မမြင်နိုင်တဲ့ နေရာတွေ အများကြီးကို ရှိနေပါသေးတယ်။ ကလေးမြောက်များစွာလည်း ထိုကဲ့သို့ ကျေးရွာတွေမှာ ကျင်လည်ကျက်စားနေပါ သေးတယ်။

ဒါကြောင့် ခေတ်စနစ်ရဲ့ စီးဆင်းမှုအရ ပညာရေးဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍထဲမှာ ထပ်ဆုံးမှာ ပါဝင်နေပါတယ်။ တိုးတတ်နေတဲ့ ခေတ်ရေစီးကြောင်းထဲ ပညာမတတ်တဲ့လူတွေက လိုက်ပါနိုင်မှာ မဟုတ်ဘဲ နောက်ကျကျန်နေခဲ့မှာ ဧကန်မလွဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က နိုင်ငံတွေလည်း ပညာရေးကို အပြိုင်အဆိုင် တွန်းအားပေးနေကြတာဟာ ယနေ့တွေ့မြင်နေရတဲ့ တိုးတတ်ကြီးပွားနေတဲ့ နိုင်ငံတွေက သက်သေသာဓကပဲ ဖြစ်ပါတယ်။ ချမ်းသာပြီး ပျော်ရွင်တဲ့ နိုင်ငံတွေဟာ ပညာရေးကို အားပေးကြပြီး ဖွံ့ဖြိုးဆဲ သို့မဟုတ် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပညာရေးကို အလေးမပေးကြတာကို တွေ့နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံလည်း တိုးတတ်သော နိုင်ငံကို တည်ဆောက်ဖို့ ပညာရေးစနစ်ကို ဖော်ဆောင်ရာမှာ သိသာထင်းရှားတဲ့ နေရာတွင် မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာ တကယ့်ကျေးလတ်တောင်ပေါ် ဒေသတွေမှာပါ ကွင်းဆင်းလေ့လာပြီး သူတို့ရဲ့ ပညာရေးကိုလည်း မြှင့်တင်ပေးနိုင်ရန် နှိုးဆော်ရင်း..........

နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013