DVB Logo
Home
မြန်မာသတင်း
မျှင်ဝါးတောင် သစ်တောကြိုးဝိုင်းတွင်း တရားမ၀င် သစ်တင်ကားမှောက်၊ ၂ ဦး သေဆုံး
DVB
·
May 18, 2017
Donate to DVB

မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင် ကြိုးဝိုင်းတွင်းမှာ ဒီနေ့ မနက် ၄ နာရီလောက်က တရားမ၀င်သစ် တင်ဆောင်လာတဲ့ကား တိမ်းမှောက်ပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ အင်ပင်နယ်မြေရဲစခန်းက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသသကြီး၊ မြန်အောင်မြို့နယ် ကားနဲ့ တရားမဝင်သစ်ခွဲတာ၊ သစ်တုံးတွေကို တင်ဆောင်လာပြီး ဆင်ကျုံးကျေးရွာအနီး မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်အမှတ် ၃၁ အတွင်းမှာ တိမ်းမှောက်ခဲ့တာပါ။

မျှင်ဝါးတောင် တောအုပ်အောင်မျိုးက "တင်ဆောင်လာတဲ့ သစ်တွေက အခြားသားတွေ ဖြစ်ပါတယ်။ သစ်တွေအတွက်က သစ်တောက တရားလိုလုပ်ပြီး တရားရုံးကို ဥပဒေ အကြံတောင်းတင်ပြီး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပါတယ်။ အားလုံး သစ်ကတော့ ၂ တန်ကျော် ဖြစ်တယ်”လို့ ပြောပါတယ်။

မျှင်ဝါးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြဦးက "သေဆုံးသွားသူတွေကတော့ မျှင်ဝါးတောင် ကျေးရွာအုပ်စု ပန်းထိုက်ကျေးရွာနေ မင်းဇော်ထွန်း အေးဇော်မောင်တို့ ဖြစ်ပြီး ကျန်တဲ့ ၅ ယောက်က ဒဏ်ရရလို့ အင်ပင်တိုက်နယ်ဆေးရုံကို တင်ဆောင်ကုသနေတယ်”လို့ ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းအောင်မင်းနိုင်ကို အင်ပင်နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်ထွန်းက တရားလိုပြုလုပ်ကာ ယာဉ်နဲ့ ယာဉ်မောင်းကို ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က /၃၃၇ ပေါ့လျော့စွာ မဆင်မခြင် မောင်းနှင်မှုကြောင့် သူတပါး သေဆုံးမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။


သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013