ဒီနေရာမှာမီးပြတ်လို့မရဘူး - ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ရုပ်သံ)
DVB
·
May 18, 2017

ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီကနေ့မနက်က ‘Holistic Empowerment of SMEs’ အစည်းအဝေး ကျင်းပနေစဉ် မီးပြတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဟိုတယ်တာဝန်ရှိသူကို မကျေမနပ် ပြောကြားခဲ့ပါတယ်။
“မီးပျက်လို့မရဘူး။ ဒီနေရာ မီးပြတ်လို့မရဘူး။ နောက် ဒါ ဝန်ကြီးချုပ်လမ်းကြောင်း။ ဒါကို အီးပီစီကို ကြိုပြီးပြောထားတယ်ပြောတယ်။ ဒီဘက်ကို မီးမဖြတ်ဖို့၊ သူတို့ဘက်ကို မီးစက်နဲ့သုံးပေးဖို့ ပြောထားတယ်။”
ခုလို မီးပြတ်သွားတဲ့အတွက် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ရပြီးမှ ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။
ဖြည့်စွက်ချက်။ ။ အစည်းအဝေးကို နာရီဝက်ကြာ ရပ်နားခဲ့ပြီးမှ ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။










