DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့အနီး ၁၈ ဘီးတွဲကား ၁ စီးတိမ်းမှောက်
DVB
·
May 18, 2017
ကျောက်တံခါးမြို့အနီး ၁၈ ဘီးတွဲကား ၁ စီးတိမ်းမှောက်
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၇/ ၆ နဲ့ ၁၁၇/၇ အကြားမှာ မေ ၁၇ ရက် ညနေ ၆ နာရီ လောက်က ၁၈ ဘီး တွဲကားတစီး လမ်းဘေးထိုးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက “ရန်ကုန်ကနေ မန္တလေးဘက်ကို ယာဉ်မောင်းသိန်းဝင်း(ဘုရားကြီးမြို့) နေသူမောင်းနှင်လာတဲ့ HONDAI အမျိုးအစား ၁၈ ဘီးတွဲကာဟာ သကြားအိပ်တွေ တင်ဆောင်ပြီးမောင်းနှင်လာစဉ် ရှေဝဲဘက်ဘီးပေါက်ပြီး လမ်းဘေးကို ထိုးကျတိမ်းမှောက် ခဲ့တာ”လို့ ပြောပါတယ်။

“ကားကလမ်းဘေးမှာ ပက်လက်ကိုလန်သွားတာ။ သကြားတွေပါတယ်လို့ပြောတယ်။ လူကတော့မသေဘူး။ ယာဉ်မောင်းလို့ ပြောတယ်။ သူကတော့ခြေထောက်ညပ်နေလို့ မနည်းဝိုင်းထုတ်နေရတယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး။ တော်တော်ကြာကြာကို ထုတ်ရတယ်” လို့ သွားရောက်ကူညီနေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမှာ ကားအတွင်းညပ်နေပြီး ပတ်ဝန်းကျင်နေ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၂ နာရီကျော်လောက် ထုတ်ယူခဲ့ရကာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ယာဉ်မှောက်မှုနဲ့ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲတပ်ဖွဲ့ စခန်းက ယာဉ်ကို အရမ်းမောင်းခြင်း၊ လူကိုထိခိုက်ဒဏ်ရာရရှိစေမှုဆိုင်ရာ ပုဒ်မရာဇသတ်ကြီးပုဒ်မ ၃၃၇ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013