DVB Logo
Home
မြန်မာသတင်း
သုံးဆယ်သစ်တောကြိုးဝိုင်းတွင်း ဆင်ခိုးသတ်သူ ၂ ဦးကို လက်နက်များဖြင့် ဖမ်းမိ
DVB
·
May 18, 2017
သုံးဆယ်သစ်တောကြိုးဝိုင်းတွင်း ဆင်ခိုးသတ်သူ ၂ ဦးကို လက်နက်များဖြင့် ဖမ်းမိ
1 / 5
Donate to DVB

သာယာဝတီခရိုင် သုံးဆယ်သစ်တောကြိုးဝိုင်းမှာ ဆင်ခိုးသတ်တဲ့ တရားခံ ၂ ဦးနဲ့ ကို ဆင်သားခြောက်တွေ၊ တူမီးသေနတ် ၂ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သာယာဝတီမြို့နယ် သစ်တောဦးဌာနက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းသာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ သုံးဆယ် သစ်တောကြိုးဝိုင်း အကွက်အမှတ် ၄၃ ရေအောက် တောင်ကြောပေါ်မှာ မေလ ၁၄ ရက်နေ့က တရားမဝင် ဆင်ခိုးသတ်သူ ၂ ဦးကို ဆင်သားရေချပ် ၆ အိတ်၊ ၇၀ ဒသမ ၅၀ပိသာ၊ တူမီးသေနတ် ၂ လက်နဲ့အတူ ဖမ်းစီးရမိခဲ့တာပါ။

သာယာဝတီမြို့နယ် သစ်တောဦးဌာနက တောအုပ် ဦးတင်ဦးက “ဆင်ခိုးသတ်သူနှစ်ဦးမှာ မကွေးတိုင်းဒေသကြီး ကံမမြိုနယ်၊ သာစည်ကျေးရွာအုပ်စု စမ်းကျေးရွာမှာ နေထိုင်တဲ့ ဦးသန်းဇော်ဦးနဲ့ ဦးအောင်ရာတို့ ဖြစ်ပြီး ဆင်သတ်ထားတဲ့ နေရာကိုလိုက်ပြခိုင်းရာ သုံးဆယ်သစ်တောကြိုးဝိုင်း အကွက်အမှတ် ၁၁၃ ဖျံချောင်းဖျားတွင် လွန်ခဲ့တဲ့သုံးရက်လောက်က သတ်ထားတဲ့ ဆင်အမတကောင်ကို တွေ့ရှိပြီး အသက်နဲ့ အတိုင်းအတာကိုတော့ ဆင်မှာပုပ်ပွပြီး လောက်တက်နေတဲ့အတွက် ခန့်မှန်းလို့ မရသေးဘူး”လို့ ပြောပါတယ်။

သာယာဝတီမြို့မရဲစခန်းက တရားခံနှစ်ဦးကို သားငှက်ဥပဒေပုဒ်မ-၃၇(က)၊ လက်နက် ဥပဒေပုဒ်မ-၁၉(စ) တို့နဲ့ အမူဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

သတင်း - မေသွယ် (CJ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013