DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် တည်ဆောက်မည့် Sea View အထပ်မြင့်ကွန်ဒို စီမံကိန်းကြန့်ကြာနေ
DVB
·
May 18, 2017
မြိတ်မြို့တွင် တည်ဆောက်မည့် Sea View အထပ်မြင့်ကွန်ဒို စီမံကိန်းကြန့်ကြာနေ
Donate to DVB

မြိတ်မြို့မှာ တည်ဆောက်ဖို့ စီမံကိန်းချထားတဲ့ အထပ်မြင့်အဆောက်အအုံ ၁၂ လုံး ပါဝင်တဲ့ Sea View Condo Project စီမံကိန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ပြထားပေမယ့် ကြန့်ကြာနေပါတယ်။

Sea View Condo Project စီမံကိန်းဟာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် လျာထားတဲ့ စီမံကိန်းကြီးတခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ ကွန်ဒိုစီမံကိန်းတခုဖြစ်ပြီး ဒေသခံတွေကြားမှာလည်း စိတ်ဝင်စားမှု မြင့်တက်နေတဲ့ စီမံကိန်းတခု ဖြစ်ပါတယ်။

၂၂ ထပ်မှ ၃၅ ထပ်အထိရှိမယ့် ကွန်ဒိုအဆောက်အအုံ ၁၂ လုံး ပါဝင်မှာဖြစ်ပြီး ကစားကွင်းတွေ၊ လမ်းလျှောက်ဈေးတွေ၊ ရေကူးကန်တွေ၊ ပန်းခြံတွေနဲ့ ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

နည်းပညာတက္ကသိုလ်ကျောင်းတွေကလည်း လုပ်ငန်းခွင်အတွင်း ဝင်ရောက်လေ့လာခွင့် တောင်းဆိုထားသလို ကွန်ဒိုဝယ်ယူမယ့်သူတွေကလည်း ကွန်ဒိုအခန်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေကြပါတယ်။

ကွန်ဒိုစီမံကိန်းနဲ့ပတ်သက်ပြီး ကြန့်ကြာမှုတချို့ကို တိုင်းဒေသကြီး အစိုးရကလည်း ကူညီဆောင်ရွက်ပေးဖို့နဲ့ လုပ်ငန်းဆောင်ရွက်မှု နှေးကွေးတာတွေ မဖြစ်စေဖို့လည်း ဆောင်ရွက်သွားမယ်လို့ Sea View Condo Project ရဲ့ Operation Director ဦးဟန်ထူးအောင်က ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မြတ်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013