DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်​တွင်​ ငါးပူးတင်းစားမိ၍ သားအဖသုံး​ဦး သေဆုံး
DVB
·
May 17, 2017
ဂွမြို့နယ်​တွင်​ ငါးပူးတင်းစားမိ၍ သားအဖသုံး​ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျည်းမြိုင်အုပ်စု၊ ရွှေယချိုင်ကျေးရွာမှာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ငါးပူတင်းစားမိလို့ သားအဖသုံးဦး သေဆုံးသွားတယ်လို့ ဂွမြို့နယ်ရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။

မေ ၁၇ ရက်နေ့ နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်လောက်က ဂွမြို့ပြည်သူ ဆေးရုံးမှာ သေဆုံးသွားတယ်လို့ ဂွမြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"မိသားစုသုံးယောက်လုံး သေဆုံးသွားပါတယ်။ ၁၁ နာရီကျော်ကျော်လောက်မှာ သူ့အဖေအရင်ဆုံးပါတယ်။ ပြီးတော့ နောက်နာရီဝက်အကြာမှာ မိန်းမနဲ့ ကလေးက ဆုံးသွားပါတယ်။ ယောက်ျားဖြစ်သူကတော့ ငါးဖမ်းတယ်။ အဲဒါငါပူးတင်းကို ချက်စားကြတယ်လို့ သိရတယ်။ အသည်းရော၊ အသားကိုပါ စားကြတယ်လို့သိရတယ်။ စားစားချင်တော့ အော့အန်မူးဝေတာဖြစ်တယ်။ အဲဒါကျေးရွာအုပ်ချုပ်ရေးမှူးက ဂွမြို့နယ်ဆေးရုံကိုခေါ်လာတယ်။ ဆေးရုံမှာ ၃ ဦးလုံး ဆုံးသွားပါတယ်။"

သေဆုံးသူမိသားစုကတော့ ကိုတိုးမြင့်ဆွေနဲ့ ဇနီးဖြစ်သူ မနွယ်နွယ်လှိုင်နဲ့ သမီးဖြစ်သူ မလင်းလတ်ဝေ အသက် ၆ နှစ် ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သတ်ပြီး ဂွမြို့နယ်ရဲစန်းက ၄/၂၀၁၇ သေမူသေခင်းအဖြစ် အမူဖွင့် ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ကျော်မြင့်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013