DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံက နှင်းဆီပန်းတမျိုးကို ဒေါ်အောင်ဆန်းစုကြည်အမည် ဂုဏ်ပြုမှည့်ခေါ်
DVB
·
May 17, 2017
တရုတ်နိုင်ငံက နှင်းဆီပန်းတမျိုးကို ဒေါ်အောင်ဆန်းစုကြည်အမည် ဂုဏ်ပြုမှည့်ခေါ်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တရုတ်နိုင်ငံက  နှင်းဆီပန်းမျိုးစိတ်သစ်တမျိုးရဲ့  အမည်ကို “Aung San Suu Kyi Rose” လို့ အမည်ပေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မွန်းလွဲပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ အတွင်းရေးမှူး မစ္စတာ ချန်းဟိုနဲ့ ကူမင်းမြို့ Hai Geng Garden ဟိုတယ်မှာ  တွေ့ဆုံပြီးနောက် နှင်းဆီပန်းမျိုးစိတ်သစ် အမည်ပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မေ ၁၄ ရက်ကနေ ၁၅ ရက်ထိ ကျင်းပတဲ့ Belt and Road နိုင်ငံတာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တက်ရောက်ပြီးနောက် ကူမင်းမြို့မှတဆင့် မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလာဖို့ ရှိနေပါတယ်။

ဓာတ်ပုံ - ပြန်/ဆက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တရုတ်နိုင်ငံက နှင်းဆီပန်းတမျိုးကို ဒေါ်အောင်ဆန်းစုကြည်အမည် ဂုဏ်ပြုမှည့်ခေါ်