DVB Logo
Home
မြန်မာသတင်း
ခန္တီးရတနာနယ်မြေတွင် ပစ်ခတ်မှုဖြစ်ပွား၊ ရေမဆေးကျောက်သမား ၄ ဦးသေ၊ ၇ ဦးဒဏ်ရာရ
DVB
·
May 17, 2017
ခန္တီးရတနာနယ်မြေတွင် ပစ်ခတ်မှုဖြစ်ပွား၊  ရေမဆေးကျောက်သမား ၄ ဦးသေ၊ ၇ ဦးဒဏ်ရာရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ရတနာနယ်မြေ နန်းစီပွန်ကျေးရွာမှာ ဒီနေ့မနက်က ကျောက်မျက်ရှာတဲ့ ရေမဆေးသမားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြားပဋိပက္ခဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရာမှာ ရေမဆေးကျောက်သမား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေဟာ နန်စီပွန်နဲ့ မကျန်က ဒေသခံတွေဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ ခန္တီးဆေးရုံမှာ ပို့ဆောင်ကုသထားရပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက “မနက်ဖြစ်ဖြစ်ချင်းမှာ တယောက်က ဖုန်းဆက်တယ်။ ၄ ယောက်သေသွားတယ်တဲ့။ ၇ ယောက် အကြီးအကျယ်တော့ရသွားတယ်တဲ့။ ရေမဆေးသမားတွေကို ၀င်မတူးဖို့တားတာ။ မနေ့ကတား တာ။ တားလို့မရဘူး။ ဒီနေ့ကျတော့ မတားတော့ဘဲနဲ့ ၀င်လာတာနဲ့ကို ပစ်လိုက်တယ်ဆိုတဲ့ဟာကို ကြားရတယ်။”လို့ ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ ဦးပိုင်ကုမ္မဏီပိုင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပြီး ရေမဆေးသမားတွေဟာ ဦးပိုင်ကုမ္ပဏီရဲ့မြေစာပုံကိုရှာခဲ့ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

နန်စီပွန်ဒေသမှာ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီ ၅ ခုလောက်ရှိပြီး၊ ရေမဆေး ကျောက်ရှာဖွေသူ ၂ ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။

ခန္တီးမြို့နယ် နန်စီပွန်လုပ်ကွက်နဲ့ မကျန် မှော်လုပ်ကွက်တွေထဲမှာ တရားမ၀င်ဝင်ရောက်နေသူတွေအားလုံး မေလ ၁၆ ရက်ကစပြီး မေလ ၃၀ရက်နောက်ဆုံးထားပြီး ပြောင်းရွှေ့ထွက်ခွာကြဖို့ ပုဒ်မ ၁၄၃ အမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက မေလ ၁၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013