DVB Logo
Home
မြန်မာသတင်း
လိင်တူချစ်သူ မုန်းတီးမှုဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်မြို့တွင်ပြုလုပ်
DVB
·
May 17, 2017
လိင်တူချစ်သူ မုန်းတီးမှုဆန့်ကျင်ရေးလှုပ်ရှားမှု  ပြည်မြို့တွင်ပြုလုပ်
1 / 7
Donate to DVB

အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုကို ဆန့်ကျင်ရေးနေ့ အခမ်းအနားပွဲတခုကို ပဲခူးတိုင်း၊ ပြည်မြို့မှာ ဒီကနေ့ ကျင်းပပါတယ်။

၁၉၉၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်တူချစ်ခြင်းကို စိတ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

အဲဒီနေ့ကို အစွဲပြုပြီး အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအား ဆန့်ကျင်ရေးနေ့လို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားပွဲကို ပဲခူးတိုင်း၊ ပြည်မြို့က လိင်တူချစ်သူတွေက ကျင်းပနေတာပါ။

“ပြည်သူတွေက ကျနော်တို့ကို ကြောက်ရွံ့ ရွံရှာမုန်းတီးနေတာတွေ ရှိနေခဲ့ရင်လည်း ပယ်ဖျက်ပေးဖို့၊ လူ့အသိုင်းအဝန်းထဲက လူတွေပါပဲ ဆိုတာတွေကို ပြည်သူတွေ သိစေဖို့အတွက် ရည်ရွယ်ပြီး ကမ်ပိန်းတခု ပြုလုပ်တဲ့သဘောပါပဲ။ နောက်တခုက ကျနော်တို့ကို ခွဲခြားဆက်ဆံ နှိပ်ကွပ်ထားတဲ့ ဥပဒေပုဒ်မတခုကလည်း ရှိနေတယ်။ အဲဒါက ပုဒ်မ ၃၇၇ ဖြစ်တယ်။ အဲဒီပုဒ်မကို ဖျက်ပေးဖို့ ဥပဒေအရရော ပတ်ဝန်းကျင်မှာရော တန်းတူ အခွင့်အရေးရဖို့အတွက် ရည်ရွယ်ပြီး ကျနော်တို့ ရွေးချယ်ထားတဲ့ အစိုးရလက်ထက်မှာ တောင်းဆိုတာပါ” လို့ ပွဲစီစဉ်သူ Sky Dragon LGBT Group ဥက္ကဋ္ဌ ကိုငြိမ်းက ဒီဗွီဘီကို ရှင်းပြပါတယ်။

အဲဒီအခမ်းအနားကို ပြည်မြို့မှာ ၅ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး  သူတို့ ရုံးခန်းတည်ရှိရာ ပြည်မြို့ မြောက်စောင်းတန်းလမ်းကနေ စတင်ခဲ့ပြီး စစ်ကဲလမ်း၊ လမ်းရှည်လမ်း၊ သံတချောင်းလမ်း၊ ဗိုလ်ချုပ်လမ်းတွေကနေ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့အထိ အလံတွေ၊ပိုစတာတွ ကိုင်ဆောင်ပြီး ဆိုင်ကယ်တွေ၊ လူ ၃၀ ခန့်နဲ့ ချီတက်ခဲ့ပါတယ်။

လမ်းတလျှောက်မှာလည်း လိင်တူချစ်သူတွေကို မုန်းတီးနေမှုတွေ ပပျောက်စေရေးနဲ့ပတ်သတ်တဲ့ စာရွက်တွေ ဝေငှခဲ့ပြီး လမ်းဆုံလမ်းခွတွေမှာလည်း ဗွီနိုင်းပိုစတာတွေ ကပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013